မယုံနိုင်လောက်အောင်အရွယ်တင်နုပျိုလွန်းလို့ ဆုတွေရရှိခဲ့တဲ့ အသက် 52 အရွယ်အမျိုးသမီး (ရုပ်သံ)

ပြီးခဲ့တဲ့ 2012 ခုနှစ်က ဂျပန်နိုင်ငံမှာနေထိုင်တဲ့ အသက် 44နှစ်အရွယ် Mosako Mizutani အမည်ရှိတဲ့အမျိုးသမီးဟာ မယုံနိုင်လောက်အောင်ငယ်ရွယ်လွန်းလို့ အတော်လေးကိုနာမည်ကျော်ကြားခဲ့ပါတယ် ။ သူမဟာ အဝတ်အစား နှင့် အလှကုန်ပစ္စည်းတွေရဲ့ မော်ဒယ်အနေနဲ့ စီးပွားရေးလုပ်ကိုင်နေလျက်ရှိပါတယ် ။ ပြီးခဲ့တဲ့ 2015 ခုနှစ်ကဆိုရင်လည်း နိုင်ငံရဲ့ ‘ Youthful Pageant’ ဆိုတဲ့ ဆုလက်ခံရရှိနောက်ပြီး ပို၍နာမည်ကျော်ကြားလူသိများလာခဲ့ပါတယ် ။ သူမရဲ့ငယ်ရွယ်နုပျိုမှုတွေက အသက် 52 အရွယ်ရောက်တဲ့အထိ လုံးဝမပြောင်းလဲပဲရှိနေခဲ့တဲ့အတွက် သူမဟာအမြဲလိုလို အသက် 20 အရွယ်ဝန်းကျင်မိန်းမငယ်လေးတွေနဲ့ အမြဲနှိုင်းယှဉ်ခံရလေ့ရှိပါတယ် ။

အင်တာဗျူးတစ်ခုမှာတော့ သူမရဲ့ငယ်ရ ွယ်မှု နဲ့ ကျန်းမာလှပဲတဲ့ ခန္ဓာကိုယ်ထိန်းသိမ်ခဲ့တဲ့အကြောင်းကိုဝေမျှခဲ့ပါတယ် ။ အဲတာကတော့ ကိုယ်အလေးချိန်ထိန်းတဲ့အနေနဲ့ အမြဲ အသီးအရွယ်နဲ့သာစည်းစနစ်ကျစွာစားသောက်ပြီး ကိုယ်အလေးချိန်လျော့ချတဲ့အပြင် ၊ အရက် နဲ့ ဆေးလိပ်သောက်သုံးခြင်းကို လုံးဝရှောင်ကျဉ်သူဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

ထို့အပြင် နေရောင်နှင့်အမြဲထိတွေ့ခြင်းကိုရှောင်ရှားပြီး အသားအရေပြုပြင်ထိန်းသိမ်းခြင်းကို တစ်ရက်လျှင် 5နာရီခန့် အချိန်ကုန်ခံပြီး ပြုလုပ်လေ့ရှိကြောင်း ဝေမျှခဲ့ပါတယ် ။ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းအတွက် တစ်ရက်ကိုမိနစ် 30 ခန့် video game ဆော့ကစားလေ့ရှိကြောင်း သိရှိရပါတယ် ။ သူမရဲ့ဓာတ်ပုံတွေကိုကြည့်ခြင်းအားဖြင့် ငယ်ရွယ်နုပျိုမှုကို ဘယ်လောက်ထိန်းသိမ်းထားနိုင်လည်းဆိုတာ ကြည့်ရုံနဲ့ သိနိုင်ပါတယ် ။

Jasmine (Mckzone Daily)

Source: nextshark

Zawgyi





Jasmine (Mckzone Daily)

  • Leave a Comment