ကမ္ဘာ့နာမည်ကြီးအမှတ်တံဆိပ်များကို ဆင်တူရိုးမှားတုပပြီး အမည်ပေးထားကြတဲ့ ဆိုင်များနဲ့ကုန်ပစ္စည်းများ – (၂၁)ပုံ

ကမ္ဘာ့နိုင်ငံအတော်များများမှာ နာမည်ကြီး fast food ဆိုင်တွေဖြစ်ကြတဲ့ McDonald’s နဲ့ KFC ကဲ့သို့ ဆိုင်တွေရှိကြသလို ဆင်တူရိုးမှားဆိုင်တွေလည်း ရှိကြပါတယ်။ အချို့နိုင်ငံများမှာတော့ ထိုနာမည်ကြီးဆိုင်တွေရဲ့ နာမည်များကို ဆင်တူရိုးမှားတုပပြီး အမည်ပေးရုံမက ကုန်ပစ္စည်းအမှတ်တံဆိပ်များနဲ့ ဆိုင်းဘုတ်များကိုပါတုပပြီး ဆင်တူရိုးမှားပြုလုပ်တတ်ကြပါတယ်။ အောက်ဘက်မှာတော့ ကမ္ဘာတစ်ဝှမ်းမှ နာမည်ကြီးအမှတ်တံဆိပ်များကို ဆင်တူရိုးမှားပြုလုပ်ထားကြတဲ့ ကုန်ပစ္စည်းများနဲ့ ဆိုင်များရဲ့ဓာတ်ပုံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ နာမည်ကြီး KFC ကြက်ကြော်ဆိုင်နာမည်ကို တုပထားတဲ့ KFG

၂။ ဒါကတော့ KFD ပါ

၃။ သူလည်း လူများနဲ့မတူချင်လို့ MFC

၄။အယ်လယ် ဒါကတော့ KFQ

၅။ အယ်လယ် ဒါကတော့ RFC

၆။ ဒါကတော့ နာမည်ကြီးပီဇာဆိုင်ဖြစ်တဲ့ Pizza Hut ကို ဆင်တူရိုးမှားတုပပြီး အမည်ပေးထားတဲ့ အီရန်နိုင်ငံက Pizza Hat

၇။ နာမည်ကြီး McDonald’s ဆိုင်ရဲ့ Logo ကို ဆင်တူရိုးမှားတုပထားတဲ့ Mai De Ken

၈။ သူကတော့တမျိုး Logo ကို ပြောင်းပြန်လုပ်ထားလိုက်တယ်

၉။ နာမည်ကြီးကော်ဖီဆိုင် Starbucks ကို သူက

၁၀။ ဆိုနီရဲ့နာမည်ကြီး PlayStation ကို တုပထားတဲ့ PolyStation

၁၁။ နာမည်ကြီးအမှတ်တံဆိပ် SAMSUNG ကို ဆင်တူရိုးမှားတုပပြီး အမည်ပေးထားတဲ့ SIVNSUNG

၁၂။ နာမည်ကြီးစတိုးဆိုင် 7Eleven ကို တုပထားတဲ့ 7Twelve

၁၃။ အယ်လယ် သူကတော့ 7Elephant တဲ့

၁၄။ နာမည်ကြီးအမှတ်တံဆိပ် UNI QLO ကို တုပထားတဲ့ UN! PRO

၁၅။ နာမည်ကြီးအမှတ်တံဆိပ် ARMANI ကို တုပထားတဲ့ ANMANI

၁၆။ နာမည်ကြီးအမှတ်တံဆိပ် OMEGA ကို တုပထားတဲ့ OWEGA

၁၇။ နာမည်ကြီးဂျင်းဘောင်းဘီအမှတ်တံဆိပ် LEE ကို တုပထားတဲ့ LGG

၁၈။ beats by dr.dre ကို တုပထားတဲ့ deats by dr.dre

၁၉။ NIKI ဖိနပ်ကို တုပထားတဲ့ KINE ဖိနပ်

၂၀။ NOKIA ကို တုပထားတဲ့ NOKLA

၂၁။ နာမည်ကြီးအမှတ်တံဆိပ် Adidas ကို တုပထားတဲ့ Adisco

credit-thuriya

  • Leave a Comment