အယ်(လ်)ဇိုင်းမားရောဂါခံစားနေရတဲ့ အသက် 92 နှစ်အရွယ်မိခင်အိုကြီးကို အလုပ်သို့နေ့စဉ်ခေါ်သွားလေ့ရှိတဲ့ အမျိုးသားရဲ့အဖြစ်

တရုတ်နိုင်ငံ ၊ Chengdu မြို့မှာနေထိုင်တဲ့ အသက် 52 နှစ်အရွယ် Cai Yujun အမည်ရှိတဲ့အမျိုးသားဟာ သူ့၏ 92 နှစ်အရွယ်မိခင်ကြီးကို အလုပ်သို့နေ့စဉ်ခေါ်သွားလေ့ရှိပါတယ် ။ အကြောင်းကတော့ မိခင်အိုကြီးဟာ လွန်ခဲ့တဲ့ 7နှစ်ကတည်းက Alzheimerလို့ခေါ်တဲ့ ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းနေတဲ့ ရောဂါဝေဒနာကို ခံစားနေရလို့ delivery အလုပ်လုပ်ကိုင်နေတဲ့ Cai ကို မိခင်ကိုတစ်ယောက်ထဲ ထားရစ်ဖို့စိတ်မချလို့ အခုလိုသွားလေရာရာခေါ်သွားနေရတာပါ ။ Cai ဟာမိခင်ဖြစ်သူကို သက်သောင့်သက်သာခေါ်ဆောင်သွားနိုင်အောင် သူ၏လျှပ်စစ်စက်ဘီးကို အနောက်ဖက်တွင်သစ်သားချောင်းတွေနဲ့ ပစ္စည်းတွေတင်လို့ရအောင်ပြုလုပ်ပြီး ၊ မိခင်ဖြစ်သူလိုက်ပါစီးနင်းလို့ရအောင် ထိုင်ခုံကိုသေချာလေးပြုလုပ်ပေးတဲ့အပြင် ၊ မိခင်ဖြစ်သူအန္တရာယ်ကင်းအောင် လိုက်ပါစီးနင်းတဲ့အချိန်တိုင်း ကြိုးလေးနဲ့ပတ်ထားပါသေးတယ် ။

‘ အမေက သူ့တစ်ဘဝလုံး မိသားစုအတွက်မြုပ်နှံထားခဲ့ရတာ ၊ ဘယ်လောက်ပဲခက်ခဲနေပါစေ အမေ့ကိုကောင်းမွန်စွာနေရအောင် ကျွန်တော်တာဝန်ယူရမှာပါ ‘ ဆိုပြီး Cai ကပြောပြသွားခဲ့ပါတယ် ။ Cai ဟာ သူ၏ဇနီး ၊ မိသားစုဝင်တို့နှင့်အတူ လွန်ခဲ့တဲ့ နှစ် 20 ခန့်က Chengdu မြို့သို့ပြောင်းရွှေ့လာခဲ့တာပါ ။ အစောပိုင်းတုန်းက ၎င်းတို့အလုပ်သွားတဲ့အချိန်တိုင်းမိခင်ဖြစ်သူဟာ နေအိမ်အတွင်းမှာသာနေထိုင် ၊ အပြင်လမ်းလေးထွက်လျှောက်လေ့ရှိပါတယ် ။ နောက်ပိုင်းရောဂါလက္ခဏာတွေပေါ်လာတဲ့အချိန်မှာတော့ မိခင်အိုကြီးက ကိုယ့်ကိုဂရုမစိုက်နိုင်တော့ပါဘူး ။ ထို့ကြောင့် Cai က မိခင်လက်ကိုမလွတ်နိုင်လောက်အောင် အမြဲဂရုစိုက်စောင့်ကြည့်နေရတာပါ ။

တစ်ခါတစ်လေ လုပ်ငန်းအဆောက်အဦးကြီးတွေဆီ ပစ္စည်းသွားပို့တဲ့အချိန်မှာ အချို့သောလုံခြုံရေးဝန်ထမ်းများက မိခင်အိုကြီးကိုမပေးဝင်လို့ Cai က ကိစ္စတစ်ခုခုဖြစ်လို့မင်းတို့တာဝန်ယူနိုင်ရင် ငါ့အမေကိုငါထားခဲ့မယ် ဆိုတဲ့အထိပြောယူပြီးမှ မိခင်ကိုပေးဝင်ကြလို့ ပစ္စည်းထမ်းပိုးရတဲ့လက်ကတစ်ဖက် ၊ မိခင်ရဲ့လက်ကို ဆုပ်ကိုင်ထားရတဲ့ လက်ကတစ်ဖက်နှင့် Cai ဟာ ပင်ပန်းစွာရုန်းကန်ခဲ့ရပါတယ် ။ တစ်ခါတစ်လေမှာတော့ Cai လုံးဝအဆင်မပြေတဲ့အချိန် သူ၏အပေါင်းအဖော်သူငယ်ချင်းများက မိခင်ကိုစောင့်ရှောက်ပေးထားပြီး ၊ မိခင်အိုနှင့် ဟာသပြောပြီးစနောက်ရတာကို Cai ရဲ့သူငယ်ချင်းများကလည်း ကြိုက်နှစ်သက်ကြကြောင်း သိရှိရပါတယ် ။ မိခင်အပေါ် ကျေးဇူးသိတတ်လွန်းတဲ့ Cai ရဲ့လုပ်ရပ်အပြုအမှုဟာ လူတိုင်းရဲ့ရင်ကိုလှုတ်ခတ်စေခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: nextshark

Zawgyi

အယ္(လ္)ဇိုင္းမား​ေရာဂါခံစားေနရတဲ့ အသက္ 92 ႏွစ္အရြယ္မိခင္အိုႀကီးကို အလုပ္သို႔ေန႔စဥ္ေခၚသြားေလ့႐ွိတဲ့ အမ်ိဳးသားရဲ႕အျဖစ္

တ႐ုတ္ႏိုင္ငံ ၊ Chengdu ၿမိဳ႕မွာေနထိုင္တဲ့ အသက္ 52 ႏွစ္အရြယ္ Cai Yujun အမည္႐ွိတဲ့အမ်ိဳးသားဟာ သူ႔၏ 92 ႏွစ္အရြယ္မိခင္ႀကီးကို အလုပ္သို႔ေန႔စဥ္ေခၚသြားေလ့႐ွိပါတယ္ ။ အေၾကာင္းကေတာ့ မိခင္အိုႀကီးဟာ လြန္ခဲ့တဲ့ 7ႏွစ္ကတည္းက Alzheimerလို႔ေခၚတဲ့ ဦးေႏွာက္မွတ္ဥာဏ္ခ်ိဳ႕ယြင္းေနတဲ့ ေရာဂါေဝဒနာကို ခံစားေနရလို႔ delivery အလုပ္လုပ္ကိုင္ေနတဲ့ Cai ကို မိခင္ကိုတစ္ေယာက္ထဲ ထားရစ္ဖို႔စိတ္မခ်လို႔ အခုလိုသြားေလရာရာေခၚသြားေနရတာပါ ။ Cai ဟာမိခင္ျဖစ္သူကို သက္ေသာင့္သက္သာေခၚေဆာင္သြားႏိုင္ေအာင္ သူ၏လ်ွပ္စစ္စက္ဘီးကို အေနာက္ဖက္တြင္သစ္သားေခ်ာင္းေတြနဲ႔ ပစၥည္းေတြတင္လို႔ရေအာင္ျပဳလုပ္ၿပီး ၊ မိခင္ျဖစ္သူလိုက္ပါစီးနင္းလို႔ရေအာင္ ထိုင္ခံုကိုေသခ်ာေလးျပဳလုပ္ေပးတဲ့အျပင္ ၊ မိခင္ျဖစ္သူအႏၱရာယ္ကင္းေအာင္ လိုက္ပါစီးနင္းတဲ့အခ်ိန္တိုင္း ႀကိဳးေလးနဲ႔ပတ္ထားပါေသးတယ္ ။

‘ အေမက သူ႔တစ္ဘဝလံုး မိသားစုအတြက္ျမဳပ္ႏွံထားခဲ့ရတာ ၊ ဘယ္ေလာက္ပဲခက္ခဲေနပါေစ အေမ့ကိုေကာင္းမြန္စြာေနရေအာင္ ကြၽန္ေတာ္တာဝန္ယူရမွာပါ ‘ ဆိုၿပီး Cai ကေျပာျပသြားခဲ့ပါတယ္ ။ Cai ဟာ သူ၏ဇနီး ၊ မိသားစုဝင္တို႔ႏွင့္အတူ လြန္ခဲ့တဲ့ ႏွစ္ 20 ခန္႔က Chengdu ၿမိဳ႕သို႔ေျပာင္းေရႊ႔လာခဲ့တာပါ ။ အေစာပိုင္းတုန္းက ၎တို႔အလုပ္သြားတဲ့အခ်ိန္တိုင္းမိခင္ျဖစ္သူဟာ ေနအိမ္အတြင္းမွာသာေနထိုင္ ၊ အျပင္လမ္းေလးထြက္ေလ်ွာက္ေလ့႐ွိပါတယ္ ။ ေနာက္ပိုင္းေရာဂါလကၡဏာေတြေပၚလာတဲ့အခ်ိန္မွာေတာ့ မိခင္အိုႀကီးက ကိုယ့္ကိုဂ႐ုမစိုက္ႏိုင္ေတာ့ပါဘူး ။ ထို႔ေၾကာင့္ Cai က မိခင္လက္ကိုမလြတ္ႏိုင္ေလာက္ေအာင္ အျမဲဂ႐ုစိုက္ေစာင့္ၾကည့္ေနရတာပါ ။

တစ္ခါတစ္ေလ လုပ္ငန္းအေဆာက္အဦးႀကီးေတြဆီ ပစၥည္းသြားပို႔တဲ့အခ်ိန္မွာ အခ်ိဳ႕ေသာလံုျခံဳေရးဝန္ထမ္းမ်ားက မိခင္အိုႀကီးကိုမေပးဝင္လို႔ Cai က ကိစၥတစ္ခုခုျဖစ္လို႔မင္းတို႔တာဝန္ယူႏိုင္ရင္ ငါ့အေမကိုငါထားခဲ့မယ္ ဆိုတဲ့အထိေျပာယူၿပီးမွ မိခင္ကိုေပးဝင္ၾကလို႔ ပစၥည္းထမ္းပိုးရတဲ့လက္ကတစ္ဖက္ ၊ မိခင္ရဲ႕လက္ကို ဆုပ္ကိုင္ထားရတဲ့ လက္ကတစ္ဖက္ႏွင့္ Cai ဟာ ပင္ပန္းစြာ႐ုန္းကန္ခဲ့ရပါတယ္ ။ တစ္ခါတစ္ေလမွာေတာ့ Cai လံုးဝအဆင္မေျပတဲ့အခ်ိန္ သူ၏အေပါင္းအေဖာ္သူငယ္ခ်င္းမ်ားက မိခင္ကိုေစာင့္ေ႐ွာက္ေပးထားၿပီး ၊ မိခင္အိုႏွင့္ ဟာသေျပာၿပီးစေနာက္ရတာကို Cai ရဲ႕သူငယ္ခ်င္းမ်ားကလည္း ႀကိဳက္ႏွစ္သက္ၾကေၾကာင္း သိ႐ွိရပါတယ္ ။ မိခင္အေပၚ ေက်းဇူးသိတတ္လြန္းတဲ့ Cai ရဲ႕လုပ္ရပ္အျပဳအမႈဟာ လူတိုင္းရဲ႕ရင္ကိုလႈတ္ခတ္ေစခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

  • Leave a Comment