အစားအသောက်စားပြတဲ့ Mukbang အကောင့် သောင်းချီ ပိတ်ပစ်ခဲ့တဲ့ တရုတ်အစိုးရ

ပြီးခဲ့တဲ့လတုန်းက တရုတ်အစိုးရနေအနေနဲ့ လူမှုကွန်ယက်တွေမှာ လူကြည်များကျော်ကြားနေကြတဲ့ mukbang လောကအကြောင်းကို ဝေဖန်မှုတွေဖြစ်လာခဲ့ပါတယ်။ လူတစ်ယောက်စာထက်ပိုတဲ့ ပမာဏနဲ့ အစားအသောက်တွေကို စားပြကြရတဲ့ mukbanger တွေဟာ တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် အစားအသောက်တွေကို မလိုအပ်ဘဲ ဖြုန်းတီးပစ်နေတယ်ပါဆိုပြီးတော့ သမ္မတကိုယ်တိုင် သဘောတူညီခဲ့တာပါ။

နောက် စားသောက်ဆိုင်တချို့မှာလည်း ခန္ဓာကိုယ်အလေးချိန်နဲ့လိုက်ပြီး ဟင်းပွဲတွေကို အကန့်အသတ်နဲ့ ရောင်းတဲ့ အစီအစဉ်မျိုးတွေတောင် လုပ်နေခဲ့ပါပြီ။ အခုအခါမှာတော့ ဒီထက်ပိုပြီး တင်းကြပ်တဲ့ လုပ်ရပ်တွေကို တရုတ်အစိုးရက လုပ်ဆောင်လာခဲ့ပါတယ်။ အဲဒါကတော့ တရုတ် mukbanger လောကတစ်ခုလုံး လုံးဝကြီး တုန်လှုပ်သွားခဲ့ရတဲ့အဖြစ်အပျက်တစ်ခုပါပဲ။

တရုတ်နိုင်ငံရဲ့ ဆိုက်ဘာရဲဌာနဟာ တိုင်းပြည်ရဲ့အစားအသောက်အလေအလွင့်ဖြစ်မှုကို တားဆီးဖို့အတွက် ပြီးခဲ့တဲ့ လတုန်းကစပြီးတော့ လူမမှုကွန်ယက်တွေမှာ ရှိနေတဲ့တရုတ် mukbanger အကောင့်တွေကို လိုက်လံပိတ်နေခဲ့ပါတယ်။

အခုဆိုရင် ပိတ်သိမ်းခဲ့တဲ့အကောင့်ပေါင်း ၁၃,၆၀၀ တောင် ကျော်နေခဲ့ပါပြီလို့ South China Morning Post မှာ ဖော်ပြထားပါတယ်။

credit-shwemom

Zawgyi

အစားအေသာက္စားျပတဲ့ Mukbang အေကာင့္ ေသာင္းခ်ီ ပိတ္ပစ္ခဲ့တဲ့ တရုတ္အစိုးရ

ၿပီးခဲ့တဲ့လတုန္းက တရုတ္အစိုးရေနအေနနဲ႔ လူမႈကြန္ယက္ေတြမွာ လူၾကည္မ်ားေက်ာ္ၾကားေနၾကတဲ့ mukbang ေလာကအေၾကာင္းကို ေဝဖန္မႈေတြျဖစ္လာခဲ့ပါတယ္။ လူတစ္ေယာက္စာထက္ပိုတဲ့ ပမာဏနဲ႔ အစားအေသာက္ေတြကို စားျပၾကရတဲ့ mukbanger ေတြဟာ တကယ္တမ္း စဥ္းစားၾကည့္မယ္ဆိုရင္ အစားအေသာက္ေတြကို မလိုအပ္ဘဲ ျဖဳန္းတီးပစ္ေနတယ္ပါဆိုၿပီးေတာ့ သမၼတကိုယ္တုိင္ သေဘာတူညီခဲ့တာပါ။

ေနာက္ စားေသာက္ဆိုင္တခ်ိဳ႕မွာလည္း ခႏၶာကိုယ္အေလးခ်ိန္နဲ႔လိုက္ၿပီး ဟင္းပြဲေတြကို အကန္႔အသတ္နဲ႔ ေရာင္းတဲ့ အစီအစဥ္မ်ိဳးေတြေတာင္ လုပ္ေနခဲ့ပါၿပီ။ အခုအခါမွာေတာ့ ဒီထက္ပိုၿပီး တင္းၾကပ္တဲ့ လုပ္ရပ္ေတြကို တရုတ္အစိုးရက လုပ္ေဆာင္လာခဲ့ပါတယ္။ အဲဒါကေတာ့ တရုတ္ mukbanger ေလာကတစ္ခုလံုး လံုးဝႀကီး တုန္လႈပ္သြားခဲ့ရတဲ့အျဖစ္အပ်က္တစ္ခုပါပဲ။

တရုတ္ႏုိင္ငံရဲ႕ ဆုိက္ဘာရဲဌာနဟာ တုိင္းျပည္ရဲ႕အစားအေသာက္အေလအလြင့္ျဖစ္မႈကို တားဆီးဖို႔အတြက္ ၿပီးခဲ့တဲ့ လတုန္းကစၿပီးေတာ့ လူမမႈကြန္ယက္ေတြမွာ ရွိေနတဲ့တရုတ္ mukbanger အေကာင့္ေတြကို လိုက္လံပိတ္ေနခဲ့ပါတယ္။

အခုဆိုရင္ ပိတ္သိမ္းခဲ့တဲ့အေကာင့္ေပါင္း ၁၃,၆၀၀ ေတာင္ ေက်ာ္ေနခဲ့ပါၿပီလို႔ South China Morning Post မွာ ေဖာ္ျပထားပါတယ္။

credit-shwemom

  • Leave a Comment