ပိန်တဲ့ Customer တွေကို အစားအစာ နှင့် ဘီယာ အခမဲ့ဆုချမယ်ဆိုပြီးကြေညာခဲ့တဲ့ စားသောက်ဆိုင် (ရုပ်သံ)

တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်ဟာ ကျဉ်မြောင်းတဲ့သံချောင်းအကန့်တွေအကြားတိုးဝှေ့ ဖြတ်သွားနိုင်တဲ့ မည်သူ့ကိုမဆို အစားအသောက်အခမဲ့ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။ ဆိုင်ပိုင်ရှင် Zhao Lang အမည်ရှိတဲ့ အမျိုးသားရဲ့ပြောပြချက်အရ ယခုလို promotion နည်းလမ်းလုပ်ရတဲ့ရည်ရွယ်ချက်ဟာ လူတွေကိုယ်အလေးချိန်ထိန်းသိမ်းဖို့ ရည်ရွယ်၍ဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ အဆိုပါဆိုင်လေးဟာ တရုတ်နိုင်ငံမှာအတော်လေးကို လူစိတ်ဝင်စားမှုရရှိသွားခဲ့ပါတယ် ။ Zhao ရဲ့ပြောပြချက်အရ ” လူအတော်များများက ဝိတ်မချနိုင်ကြဘူး ၊ ဘာလို့လည်းဆိုတဲ့ သူတို့ကဘီယာသောက်တာကို မရပ်နားနိုင်ကြလို့ပဲ ၊ ဒီနည်းလမ်းလေးက သူတို့တွေကို ကိုယ်အလေးချိန်ထိန်းကျဖို့ သတိရစေအောင်လို့ပါ ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

သံချောင်းအခန့်အကန့်တွေရဲ့ အကျဉ်းအကျယ်တွေပေါ်မှုတည်ပြီး မတူညီတဲ့ discount တွေရှိကြပါတယ် ။ အငယ်ဆုံး 15cm အကျယ်သာရှိတဲ့အကန့်ကို ဖြတ်နိုင်ရင်တော့ စာပွဲတစ်ခုလုံးရဲ့ အစားအစာ နဲ့ beer ကိုအခမဲ့ရရှိမှာပါ ။ 18cm အကန့်ကိုဖြတ်နိုင်ရင်တော့ ဘီယာ 5ပုလင်း free ရမှာဖြစ်ပြီး ၊ 25 cm အကန့်ကိုသာ ဖြတ်နိုင်ရင်တော့ free beer အခွင့်အရေးကိုဆုံးရှုံးရမှာပါ ။

မိန်းကလေးတွေ အတော်များများကသာ အမြင့်ဆုံးဆုရရှိခဲ့ကြတာပါ ။ အနည်းဆုံး တစ်ရက်မှာတစ်ယောက်လောက်ကတော့ အကျဉ်ဆုံးအကန့်ကိုဖြတ်နိုင်လေ့ရှိပြီး ၊ အယောက် 20 ခန့်ကတော့ ဒုတိယအဆင့်အကန့်ကိုဖြတ်နိုင်လေ့ရှိကြောင်းသိရှိရပါတယ် ။ အဆိုပါ promotion campaign ကို လူအများစုက ” metal gate challenge” ဆိုပြီး လူသိများလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

Source: nextshark

Zawgyi

ပိန္တဲ့ Customer ေတြကို အစားအစာ ႏွင့္ ဘီယာ အခမဲ့ဆုခ်မယ္ဆိုၿပီးေၾကညာခဲ့တဲ့ စားေသာက္ဆိုင္ (႐ုပ္သံ)

တ႐ုတ္ႏိုင္ငံက စားေသာက္ဆိုင္တစ္ဆိုင္ဟာ က်ဥ္ေျမာင္းတဲ့သံေခ်ာင္းအကန္႔ေတြအၾကားတိုးေဝွ ့ ျဖတ္သြားႏိုင္တဲ့ မည္သူ႔ကိုမဆို အစားအေသာက္အခမဲ့ဝန္ေဆာင္မႈေပးမည္ျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္ ။ ဆိုင္ပိုင္႐ွင္ Zhao Lang အမည္႐ွိတဲ့ အမ်ိဳးသားရဲ႕ေျပာျပခ်က္အရ ယခုလို promotion နည္းလမ္းလုပ္ရတဲ့ရည္ရြယ္ခ်က္ဟာ လူေတြကိုယ္အေလးခ်ိန္ထိန္းသိမ္းဖို႔ ရည္ရြယ္၍ျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ အဆိုပါဆိုင္ေလးဟာ တ႐ုတ္ႏိုင္ငံမွာအေတာ္ေလးကို လူစိတ္ဝင္စားမႈရ႐ွိသြားခဲ့ပါတယ္ ။ Zhao ရဲ႕ေျပာျပခ်က္အရ ” လူအေတာ္မ်ားမ်ားက ဝိတ္မခ်ႏိုင္ၾကဘူး ၊ ဘာလို႔လည္းဆိုတဲ့ သူတို႔ကဘီယာေသာက္တာကို မရပ္နားႏိုင္ၾကလို႔ပဲ ၊ ဒီနည္းလမ္းေလးက သူတို႔ေတြကို ကိုယ္အေလးခ်ိန္ထိန္းက်ဖို႔ သတိရေစေအာင္လို႔ပါ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

သံေခ်ာင္းအခန္႔အကန္႔ေတြရဲ႕ အက်ဥ္းအက်ယ္ေတြေပၚမႈတည္ၿပီး မတူညီတဲ့ discount ေတြ႐ွိၾကပါတယ္ ။ အငယ္ဆံုး 15cm အက်ယ္သာ႐ွိတဲ့အကန္႔ကို ျဖတ္ႏိုင္ရင္ေတာ့ စာပြဲတစ္ခုလံုးရဲ႕ အစားအစာ နဲ႔ beer ကိုအခမဲ့ရ႐ွိမွာပါ ။ 18cm အကန္႔ကိုျဖတ္ႏိုင္ရင္ေတာ့ ဘီယာ 5ပုလင္း free ရမွာျဖစ္ၿပီး ၊ 25 cm အကန္႔ကိုသာ ျဖတ္ႏိုင္ရင္ေတာ့ free beer အခြင့္အေရးကိုဆံုး႐ႈံးရမွာပါ ။

မိန္းကေလးေတြ အေတာ္မ်ားမ်ားကသာ အျမင့္ဆံုးဆုရ႐ွိခဲ့ၾကတာပါ ။ အနည္းဆံုး တစ္ရက္မွာတစ္ေယာက္ေလာက္ကေတာ့ အက်ဥ္ဆံုးအကန္႔ကိုျဖတ္ႏိုင္ေလ့႐ွိၿပီး ၊ အေယာက္ 20 ခန္႔ကေတာ့ ဒုတိယအဆင့္အကန္႔ကိုျဖတ္ႏိုင္ေလ့႐ွိေၾကာင္းသိ႐ွိရပါတယ္ ။ အဆိုပါ promotion campaign ကို လူအမ်ားစုက ” metal gate challenge” ဆိုၿပီး လူသိမ်ားလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

  • Leave a Comment