ကပ်ဘေးကာလ ဝင်ငွေနည်းလာလို့ ပိုက်ဆံကိစ္စ တွေးပူနေတဲ့ Selena Gomez

ကမ္ဘာ ကျော် အဆိုတော် မ လေး Selena Gomez တောင် မှ ကပ် ဘေး ကာလမှာ ငွေ ရေး ကြေး ရေး အတွက် စိုးရိမ်ပူ ပန် နေရတယ်လို့ The Sun ရဲ့သတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။သူမက တော့ အ မေရိကန် ဒေါ်လာ (၇၅)သန်း ချမ်းသာကြွယ်၀ သူ လေးပါ။အသက် (၂၈)နှစ်အရွယ် သူမ က တော့ မကြာ သေးမီက မှ သူမရဲ့ ကိုယ်ပိုင် Show HBO Max, Selena + Chef ကို စ လုပ် နေသူပါ။ကိုဗစ် ကြောင့် ဂီတ အနုပညာလှုပ်ရှားမှုတွေဖြစ်တဲ့ show ပွဲတွေ၊ Tour တွေ ကို နားထားရ ပါတယ်။ဒီလို အချိန်မှာ တခြား အနုပညာ အလုပ်တွေကို ပြောင်းလုပ်ခဲ့တာပါ။

အတွင်းလူတွေရဲ့ ပြောစကားအ ရ တော့ နောက်လုပ်မယ့် ပ ရောဂျက်တွေ နဲ့ ပိုက်ဆံ ရှာ ဖို့ ကိစ္စ နဲ့ ပတ်သက်ပြီး Selena တစ်ယောက် စိတ် ပူ နေပါတယ်လို့ ဆိုပါတယ်။Selena က ငွေ ရေး ကြေး ရေး ကိစ္စ အတွက် တကယ်ပဲ စိတ်ပ နေတယ်။ သူမလို မီလီယံနာ တစ်ယောက် က ဒီလို ပူ ပန် နေတယ်ဆိုတာ ထူးဆန်း နေ ပါ လိမ့်မယ်။ဒါပေမယ့် ကပ် ဘေး က သူမ ရဲ့ စိတ်ကို အခုလို ဖြစ် သွား စေတာပဲ လို့ အတွင်းလူက ပြောပါတယ်။

ကိုဗစ် က လူတိုင်းရဲ့ ဝင် ငွေ ကို ထိခိုက် စေတယ်ဆိုတာ သိ ပေမယ့်လည်း Selena တစ်ယောက်က တော့ နေ့တိုင်း သူမရဲ့ ပိုက်ဆံ တွေ လျော့ နည်းလာတယ်လို့ ခံစား နေရပြီး အပို ပိုက် ဆံ ရ အောင် ဘယ်လို လုပ် မလဲ ဆိုတဲ့ နည်းလမ်းတွေ ကိုပဲ နေ့တိုင်း ရှာေ ဖွ နေ ပါတယ်။မကြာသေးခင်တုန်းက Selena နဲ့ Blackpink တို့ရဲ့ Ice Cream သီချင်း ထွက် ထားပါတယ်။ဒီ သီချင်း က သူမကို Serendipity ice cream မှာ ရင်းနှီးမြှုပ် နှံ မှု လုပ် ဖို့ စိတ်ကူး ရ စေခဲ့တယ်။

ဝင်ငွေ နည်းလာတဲ့ ကိစ္စ က သူမရဲ့ စိတ် အတွက် ဖိအား ဖြစ် လာ စေခဲ့တာပါ။အဲ့ဒီလို သာ စိတ်ပူ နေ ပေမယ့် IG မှာ Post တစ်ခု တင်ရုံ နဲ့ သူမက အ မေရိကန် ဒေါ်လာ (၉)သိန်း ဝင်ငွေ ရ နေတဲ့ အ နုပညာရှင်ဆယ်လီ တစ်ယောက်ပါ။ဂီတ အလုပ် က နေ ဝင်ငွေ နည်း နေတဲ့ သူမ က တော့ အခုလက်ရှိမှာ Sephora ကုမ္ပဏီ နဲ့ လက်တွဲ လုပ် တဲ့ Rare Beauty line အတွက် Promotion တွေ ကို လုပ် နေပါတယ်။ပြီးခဲ့တဲ့ ဧပြီ တုန်းက လည်း Encino မှာ ရှိတဲ့ အိမ် ကြီး ကို ဒေါ်လာ ငါးသန်း နဲ့ ဝယ်ခဲ့ပါ သေးတယ်။

credit-shwemom

Zawgyi






credit-shwemom

  • Leave a Comment