လမ်းခွဲကြေးအဖိုးအခအနေနဲ့ ဒေါ်လာ 3သိန်းပေးတဲ့ရည်းစားဟောင်းကို ငွေနည်းလို့လက်မခံဘဲငြင်းပယ်ခဲ့တဲ့ မိန်းကလေး

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 23 နှစ်အရွယ်အမျိုးသားဟာ လမ်းခွဲကြေးအဖိုးအခအနေနဲ့ သူ့ရဲ့ရည်းစားဟောင်း ကောင်မလေးကို $300,000 ပေးခဲ့ပါတယ် ။ သို့ပေမဲ့လည်း ငွေပမာဏနည်းလွန်းလို့ဆိုပြီး ကောင်းမလေးကငွေကိုစွန့်ပစ်ထားရစ်ခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ May 6 ရက်နေ့ညတုန်းက Hangzhou မြို့မှာရှိတဲ့ ဘားဆိုင်းတစ်ဆိုင်ဆီသို့ အသက် 20 အရွယ်ကောင်မလေးနှစ်ယောက် ဝတ်ကောင်းစားလှတွေနဲ့ ရောက်ရှိလာခဲ့ပါတယ် ။ ဆိုင်ဝန်ထမ်းတွေရဲ့ပြောပြချက်အရ အရပ်ရှည်ရှည်နဲ့ ငွေရောင်ခရီးဆောင်အိတ်သည်လာတဲ့ ကောင်လေးတစ်ယောက်ရောက်မလာခင် ကောင်မလေးတွေက သောက်စရာမှာခဲ့ပါတယ် ။ ညနက်လာတော့ ကောင်လေး နှင့် ကောင်မလေးနှစ်ယောက်တို့ဟာ စကားအငြင်းအခုန်ဖြစ်ကြရင်း ကောင်လေးက ငွေရောင်ခရီးဆောင်အိတ်ကိုထားရစ်ပြီး ထွက်ခွာသွားခဲ့ပါတယ် ။

မကြာခင်မှာပဲ ကောင်မလေးနှစ်ယောက်ဟာ အဆိုပါခရီးဆောင်အိတ်ကို ဘားဆိုင်အတွင်းမှာသာ ထားရစ်ခဲ့ပြီးထွက်ခွာသွားခဲ့ကြပါတယ် ။ အဆိုပါခရီးဆောင်အိတ်ကိုဆိုင်ဝန်ထမ်းက မန်နေဂျာဆီသို့အပ်ခဲ့ပြီးနောက်မှ ရဲစခန်းသို့တိုင်ကြားခဲ့တာပါ ။ ရဲအရာရှိတွေရောက်ရှိလာပြီး ခရီးဆောင်အိတ်ကိုထိန်းသိမ်းပြီး ဖွင့်ခဲ့ချိန်မှာတော့ 100 ယွမ်း ငွေစက္ကူများ 2million ယွမ်း ($314,965) ခန့်ပါရှိနေကြောင်း သိရှိရပါတယ် ။ May 7 ရက်နေ့ မနက်ခင်ပိုင်းမှ အဆိုပါကောင်လေးဟာ ဆိုင်သို့ပြန်ရောက်ရှိလာပြီး ခရီးဆောင်အိတ်ပြန်လာရှာခဲ့ပါတယ် ။

ကောင်လေးဟာ ရဲစခန်းဆီသို့သွားရောက်ပြီးစစ်ဆေးခံခဲ့ချိန်မှာတော့ အဆိုပါမိန်းကလေးနှစ်ယောက်ထဲမှတစ်ယောက်ဟာ သူ၏ချစ်သူမိန်းကလေးဖြစ်ကြောင်း ၊ ကောင်မလေးက လမ်းခွဲကြေးအဖိုးအခအနေနဲ့ 5million ယွမ်း ($787,377) တောင်းဆိုခံခဲ့ရတာဖြစ်ကြောင်း ၊ ငွေ 2 million ယွမ်းပဲ ပါလာလို့ အိတ်ကိုသူမတို့ထံထားရစ်ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ ကောင်မလေးဖက်ကလည်း ‘ သူက ကျွန်မကို 2million ယွမ် ပဲပေးနိုင်မယ်လို့ပြောတယ် ၊ မလိုချင်လို့ ထားခဲ့တာ ၊ အဲ့ကြောင့်သူ့ကိုဖုန်းပြန်ဆက်ပြီး ကျွန်မငွေမယူသွားဘူး အဲ့တော့ ဆိုင်မှာကိုယ့်ကို ငွေပြန်လာယူလို့ပြောလိုက်တယ် ‘ ဆိုပြီး အဖြစ်အပျက်ကိုပြောပြခဲ့ပါတယ် ။ ၎င်းတို့စုံတွဲ၍ ဖြေကြားချက်အကြောင်းအရာတွေကြောင့် ရဲအရာရှိတွေက ဘားမှပြန်မပြောနိုင်ဘဲ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရပါတော့တယ် ။

Jasmine (Mckzone Daily)

Source: nextshark

Zawgyi

လမ္းခြဲေၾကးအဖိုးအခအေနနဲ႔ ေဒၚလာ 3သိန္းေပးတဲ့ရည္းစားေဟာင္းကို ေငြနည္းလို႔လက္မခံဘဲျငင္းပယ္ခဲ့တဲ့ မိန္းကေလး

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 23 ႏွစ္အရြယ္အမ်ိဳးသားဟာ လမ္းခြဲေၾကးအဖိုးအခအေနနဲ႔ သူ႔ရဲ႕ရည္းစားေဟာင္း ေကာင္မေလးကို $300,000 ေပးခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ေငြပမာဏနည္းလြန္းလို႔ဆိုၿပီး ေကာင္းမေလးကေငြကိုစြန္႔ပစ္ထားရစ္ခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ May 6 ရက္ေန႔ညတုန္းက Hangzhou ၿမိဳ႕မွာ႐ွိတဲ့ ဘားဆိုင္းတစ္ဆိုင္ဆီသို႔ အသက္ 20 အရြယ္ေကာင္မေလးႏွစ္ေယာက္ ဝတ္ေကာင္းစားလွေတြနဲ႔ ေရာက္႐ွိလာခဲ့ပါတယ္ ။ ဆိုင္ဝန္ထမ္းေတြရဲ႕ေျပာျပခ်က္အရ အရပ္႐ွည္႐ွည္နဲ႔ ေငြေရာင္ခရီးေဆာင္အိတ္သည္လာတဲ့ ေကာင္ေလးတစ္ေယာက္ေရာက္မလာခင္ ေကာင္မေလးေတြက ေသာက္စရာမွာခဲ့ပါတယ္ ။ ညနက္လာေတာ့ ေကာင္ေလး ႏွင့္ ေကာင္မေလးႏွစ္ေယာက္တို႔ဟာ စကားအျငင္းအခုန္ျဖစ္ၾကရင္း ေကာင္ေလးက ေငြေရာင္ခရီးေဆာင္အိတ္ကိုထားရစ္ၿပီး ထြက္ခြာသြားခဲ့ပါတယ္ ။

မၾကာခင္မွာပဲ ေကာင္မေလးႏွစ္ေယာက္ဟာ အဆိုပါခရီးေဆာင္အိတ္ကို ဘားဆိုင္အတြင္းမွာသာ ထားရစ္ခဲ့ၿပီးထြက္ခြာသြားခဲ့ၾကပါတယ္ ။ အဆိုပါခရီးေဆာင္အိတ္ကိုဆိုင္ဝန္ထမ္းက မန္ေနဂ်ာဆီသို႔အပ္ခဲ့ၿပီးေနာက္မွ ရဲစခန္းသို႔တိုင္ၾကားခဲ့တာပါ ။ ရဲအရာ႐ွိေတြေရာက္႐ွိလာၿပီး ခရီးေဆာင္အိတ္ကိုထိန္းသိမ္းၿပီး ဖြင့္ခဲ့ခ်ိန္မွာေတာ့ 100 ယြမ္း ေငြစကၠဴမ်ား 2million ယြမ္း ($314,965) ခန္႔ပါ႐ွိေနေၾကာင္း သိ႐ွိရပါတယ္ ။ May 7 ရက္ေန႔ မနက္ခင္ပိုင္းမွ အဆိုပါေကာင္ေလးဟာ ဆိုင္သို႔ျပန္ေရာက္႐ွိလာၿပီး ခရီးေဆာင္အိတ္ျပန္လာ႐ွာခဲ့ပါတယ္ ။

ေကာင္ေလးဟာ ရဲစခန္းဆီသို႔သြားေရာက္ၿပီးစစ္ေဆးခံခဲ့ခ်ိန္မွာေတာ့ အဆိုပါမိန္းကေလးႏွစ္ေယာက္ထဲမွတစ္ေယာက္ဟာ သူ၏ခ်စ္သူမိန္းကေလးျဖစ္ေၾကာင္း ၊ ေကာင္မေလးက လမ္းခြဲေၾကးအဖိုးအခအေနနဲ႔ 5million ယြမ္း ($787,377) ေတာင္းဆိုခံခဲ့ရတာျဖစ္ေၾကာင္း ၊ ေငြ 2 million ယြမ္းပဲ ပါလာလို႔ အိတ္ကိုသူမတို႔ထံထားရစ္ခဲ့တာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ ေကာင္မေလးဖက္ကလည္း ‘ သူက ကြၽန္မကို 2million ယြမ္ ပဲေပးနိုင္မယ္လို႔ေျပာတယ္ ၊ မလိုခ်င္လို႔ ထားခဲ့တာ ၊ အဲ့ေၾကာင့္သူ႔ကိုဖုန္းျပန္ဆက္ၿပီး ကြၽန္မေငြမယူသြားဘူး အဲ့ေတာ့ ဆိုင္မွာကိုယ့္ကို ေငြျပန္လာယူလို႔ေျပာလိုက္တယ္ ‘ ဆိုၿပီး အျဖစ္အပ်က္ကိုေျပာျပခဲ့ပါတယ္ ။ ၎တို႔စံုတြဲ၍ ေျဖၾကားခ်က္အေၾကာင္းအရာေတြေၾကာင့္ ရဲအရာ႐ွိေတြက ဘားမွျပန္မေျပာႏိုင္ဘဲ တိတ္ဆိတ္ၿငိမ္သက္သြားခဲ့ရပါေတာ့တယ္ ။

Jasmine (Mckzone Daily)

  • Leave a Comment