ဆင်းရဲလွန်းလို့ ဗိုက်ဆာတဲ့အချိန်တစ်ရှူးတွေစားခဲ့ရတယ်ဆိုတဲ့ အသံသရုပ်ဆောင်မင်းသမီး(ရုပ်သံ)

ဂျပန်နိုင်ငံရှိ အသံသရုပ်ဆောင်မင်းသမီးတစ်ဦးဟာ သူမရဲ့အတိတ်ဘဝဟာ ဆင်းရဲဒုက္ခများလွန်းလို့ ဗိုက်ဆာနေချိန်တစ်ရှူးကို ငံပြာရည်နဲ့တို့ပြီးစားခဲ့ရကြောင်း ပြောပြခဲ့ပါတယ် ။ Aya Hirano အမည်ရှိတဲ့ သူမဟာ အသက် 30 ကျော်အရွယ်ရှိနေပြီး ၊ အခုဆိုရင်တော့ သူမရဲ့နယ်ပယ်မှာအတော်လေးအောင်မြင်နေသူလည်း ဖြစ်နေပါပြီ ။ သူမဟာ ” The Melancholy of Haruhi Suzumiya” ဇာတ်ကားမှာ Haruhi Suzumiya အဖြစ် အသံသရုပ်ဆောင်ခဲ့ပြီး ၊ ” Lucky Star” ဇာတ်ကားမှာတော့ Konata Izumi အဖြစ်အသံသရုပ်ဆောင်ခဲ့သူပါ ။

သူမရဲ့အောင်မြင်မှုရအောင် လျှောက်လှမ်းလာတဲ့ခရီးဟာ ထင်ထားသလောက်မလွယ်ကူခဲ့ပါဘူး ။ 2000 ခုနှစ်မှာဆိုရင် သူမဟာ နေထိုင်စားသောက်မှုကုန်းကျစရိတ်အတွက် လမ်းမပေါ်မှာဖျော်ဖြေတင်ဆက်မှုများလုပ်ခဲ့ရပါသေးတယ် ။

2014 ခုနှစ်က သူမဖြေကြားခဲ့တဲ့အင်တာဗျူးတစ်ခုမှာဆိုရင် ‘ ကျွန်မလုံးဝပိုက်ဆံမရှိတဲ့ အချိန်မျိုးရှိခဲ့ပါတယ် ၊ အဲ့ကြောင့် ကျွန်မတစ်ရှူးပေါ် ငံပြာရည်လေး လောင်းပြီး စားခဲ့ရပါတယ် ‘ ဆိုပြီး ဖြေကြားခဲ့ပါတယ် ။ မကြာသေးခင်ကမှ သူမရဲ့ပရိသတ်တွေက အဆိုပါအဖြစ်အပျက်ကို ကြားသိခဲ့ရတာပါ ။ သူမအသံ သရုပ်ဆောင်ထားတဲ့ ကာတွန်ဇာတ်ကားတွေကိုလည်း ပရိသတ်တွေ နားထောင်နိုင်ဖို့ ထည့်သွင်းထားပါတယ် ။

Jasmine (Mckzone Daily)

Source: nextshark

Zawgyi

ဆင္းရဲလြန္းလို႔ ဗိုက္ဆာတဲ့အခ်ိန္တစ္႐ွဴးေတြစားခဲ့ရတယ္ဆိုတဲ့ အသံသ႐ုပ္ေဆာင္မင္းသမီး(႐ုပ္သံ)

ဂ်ပန္ႏိုင္ငံ႐ွိ အသံသ႐ုပ္ေဆာင္မင္းသမီးတစ္ဦးဟာ သူမရဲ႕အတိတ္ဘဝဟာ ဆင္းရဲဒုကၡမ်ားလြန္းလို႔ ဗိုက္ဆာေနခ်ိန္တစ္႐ွဴးကို ငံျပာရည္နဲ႔တို႔ၿပီးစားခဲ့ရေၾကာင္း ေျပာျပခဲ့ပါတယ္ ။ Aya Hirano အမည္႐ွိတဲ့ သူမဟာ အသက္ 30 ေက်ာ္အရြယ္႐ွိေနၿပီး ၊ အခုဆိုရင္ေတာ့ သူမရဲ႕နယ္ပယ္မွာအေတာ္ေလးေအာင္ျမင္ေနသူလည္း ျဖစ္ေနပါၿပီ ။ သူမဟာ ” The Melancholy of Haruhi Suzumiya” ဇာတ္ကားမွာ Haruhi Suzumiya အျဖစ္ အသံသ႐ုပ္ေဆာင္ခဲ့ၿပီး ၊ ” Lucky Star” ဇာတ္ကားမွာေတာ့ Konata Izumi အျဖစ္အသံသ႐ုပ္ေဆာင္ခဲ့သူပါ ။

သူမရဲ႕ေအာင္ျမင္မႈရေအာင္ ေလ်ွာက္လွမ္းလာတဲ့ခရီးဟာ ထင္ထားသေလာက္မလြယ္ကူခဲ့ပါဘူး ။ 2000 ခုႏွစ္မွာဆိုရင္ သူမဟာ ေနထိုင္စားေသာက္မႈကုန္းက်စရိတ္အတြက္ လမ္းမေပၚမွာေဖ်ာ္ေျဖတင္ဆက္မႈမ်ားလုပ္ခဲ့ရပါေသးတယ္ ။

2014 ခုႏွစ္က သူမေျဖၾကားခဲ့တဲ့အင္တာဗ်ဴးတစ္ခုမွာဆိုရင္ ‘ ကြၽန္မလံုးဝပိုက္ဆံမ႐ွိတဲ့ အခ်ိန္မ်ိဳး႐ွိခဲ့ပါတယ္ ၊ အဲ့ေၾကာင့္ ကြၽန္မတစ္႐ွဴးေပၚ ငံျပာရည္ေလး ေလာင္းၿပီး စားခဲ့ရပါတယ္ ‘ ဆိုၿပီး ေျဖၾကားခဲ့ပါတယ္ ။ မၾကာ​ေသးခင္ကမွ သူမရဲ႕ပရိသတ္ေတြက အဆိုပါအျဖစ္အပ်က္ကို ၾကားသိခဲ့ရတာပါ ။ သူမအသံ သ႐ုပ္ေဆာင္ထားတဲ့ ကာတြန္ဇာတ္ကားေတြကိုလည္း ပရိသတ္ေတြ နားေထာင္ႏိုင္ဖို႔ ထည့္သြင္းထားပါတယ္ ။

Jasmine (Mckzone Daily)

  • Leave a Comment