ကားရှေ့တည့်တည့် ဝင်အတိုက်ခံပြီး လျော်ကြေးတောင်းခဲ့တဲ့ ဆိုင်ကယ်သမား (ရုပ်/သံ)

သေချာတာကတော့ ယာဉ်တိုက်မှုတွေ ၊ယာဉ်မတော်တဆမှုတွေကို ဘယ်သူကမှဖြစ်ပျက်ချင်မှာ မဟုတ်ပါဘူးလေ ။ သို့ပေမဲ့လည်း တစ်ချို့သောလူတွေအတွက်ကတော့ ပိုက်ဆံသာရမယ်ဆိုရင် ဟန်ဆောင်ပန်ဆောင်ယာဉ်တိုက်မှုကိုကြံစည်တတ်ကြပြီး အပြစ်ကင်းတဲ့ယာဉ်မောင်းသမားဆီမှ လျော်ကြေးငွေတောင်းခံတတ်ကြပါတယ် ။ Lum အမည်ရှိတဲ့အမျိုးသားတစ်ယောက်ဟာ အစ်ကိုဖြစ်သူ၏ကားပေါ်ရှိ ဘလက်ဘောက် ကင်မရာနှင့်ရိုက်ယူထားခဲ့တဲ့video ကိုသူ၏ Facebook စာမျက်နှာကနေ ဝေမျှသွားခဲ့ပါတယ် ။ ဖြစ်စဉ်မှာတော့ ဆိုင်ကယ်သမားဟာ ကားနှင့်တိုက်မိဖို့ရန်အတွက် ရုတ်တရက်ကားရှေ့တည့်တည့် တစ်ဖက်လမ်းသို့ကွေ့ဝင်ဖို့ကြိုးစားခဲ့ပါတယ် ။ လုံးဝကို Drama ဆန်နေလွန်းလှပြီး ကားနှင့်တိုက်မိပြီးနောက် ဆိုင်ကယ်သမားဟာ မြေပြင်ပေါ်လူးလိမ့်ကျသွားခဲ့ပြီး အတော်လေးနာကျင်နေသလိုဟန်ဆောင်ခဲ့ပါတော့တယ် ။ Video တွင်ဖော်ပြထားသော ရက်စွဲ နှင့် အချိန်များဟာလွဲမှားနေခဲ့ပြီး အဆိုပါဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ 5ရက်နေ့မှာ ဖြစ်ပျက်ခဲ့တာဖြစ်ကြောင်း Lum ကရှင်းပြခဲ့ပါသေးတယ် ။

” ကျွန်တော့်အစ်ကို ကားပေါ်ကနေဆင်းပြီး စစ်ကြည့်လိုက်ချိန်မှာတော့ ဆိုင်ကယ်သမားက အစ်ကို့ကို အနောက်ကနေကားနဲ့ဝင်တိုက်ပစ်တာဆိုပြီး စွပ်စွဲပြောဆိုခဲ့ပါတယ် ။ ပြီးတော့ လျော်ကြေးပေးဖို့တောင်းဆိုခဲ့ပါတယ် ။” ဆိုပြီး Lumကပြောပြခဲ့ပါတယ် ။ မကြာခင်မှာပဲ အဆိုပါအဖြစ်အပျက်ကိုမြင်လိုက်တယ်ဆိုတဲ့ ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးကလည်း Lum၏အစ်ကိုအမှားဖြစ်ကြောင်း ဝင်ပြီးပြောဆိုခဲ့ပါတယ် ။ အဆိုပါမျက်မြင်သက်သေဆိုသည့် ဖြတ်သန်းသွားတဲ့သူက Lum ၏အစ်ကိုအား ဆိုင်ကယ်သမားကိုလျော်ကြေးပေးသင့်ကြောင်း ဝင်ရောက်ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် ဆိုင်ကယ်သမားက ဒီကိစ္စကိုအပြီးအပြတ်မရှင်ဘူးဆိုရင် သူ၏သူငယ်ချင်းများကိုလှမ်းခေါ်ပစ်မည်ဟုပြောပြီး Lum၏အစ်ကိုကိုခြိမ်းခြောက်ခဲ့ပါသေးတယ် ။

Lum ၏အစ်ကိုဖြစ်သူမှာလည်း လျော်ကြေးမပေးနိုင်ကြောင်းပြန်လည်ပြောဆိုခဲ့၍ ဆိုင်ကယ်သမားမှာ မရတဲ့နောက်ဆုံးရဲတိုင်မည်ဖြစ်ကြောင်းခြိမ်ခြောက်ခဲ့၍ Lum ၏အစ်ကိုမှာလည်း ရဲတိုင်ဖို့သဘောတူခဲ့ပါတော့တယ် ။ “အဲ့တော့ ကျွန်တော်တို့ ဘလက်ဘောက် ကင်မရာနားက Video ကိုယူပြီး ရဲစခန်းကိုသွားခဲ့ပါတယ် ။ ရဲစခန်းကိုရောက်တာနဲ့ အရာရှိတွေကသက်သေ videoကြည့်ပြီး ချက်ချင်း ဆိုင်ကယ်သမားရဲ့အမှားဖြစ်ကြောင်းပြောဆိုခဲ့ပါတယ် ။ နောက်ပြီး ဆိုင်ကယ်ဟာ နံပတ်ပြားအတုတတ်ထားတာကိုလည်းဖော်ထုတ်နိုင်ခဲ့ပါတယ် ” ဆိုပြီး Lum ကပြောပြခဲ့ပါတယ် ။

ထို့နောက် ဆိုင်ကယ်သမားဟာ သူ့ဖက်က တိကျတဲ့သက်သေတွေမရှိသည့်အပြင် ဆိုင်ကယ်နံပတ်ပြားမှာလည်းအတုဖြစ်နေခဲ့တဲ့အတွက် နှုတ်ပိတ်ပြီးတိတ်တဆိတ်နေနေခဲ့ပါတယ် ။ လူအတော်များများကတော့ ယာဉ်တိုက်မှုဖြစ်ပြီဆိုတာနဲ့ ကားသမား၏အမှားလို့သာအရင်ဆုံးတွေးမြင်တတ်ကြပါတယ် ။ ဒါကြောင့် ယာဉ်ကြီး၊ ယာဉ်ငယ် မခွဲခြားဘဲမှားတဲ့သူဖက်ကသာ အပြစ်ဖြစ်သောကြောင့် ယာဉ်စည်းကမ်းလိုက်နာသူများကိုတော့ အပြစ်ဖို့လို့မရပါဘူးလေ ။

credit – Jasmine (Mckzone Daily)

Source: worldofbuzz

Author: Nyi Thu Tha

Leave a Reply

Your email address will not be published. Required fields are marked *