၉၉ မိုင်ရှည်လျားတဲ့မြစ်ကို အစိုးရအကူအညီမယူပဲ သန့်ရှင်းစေခဲ့သူ

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ ကာလီဘီးန် ဆိုတဲ့ မြစ်ငယ်တစင်းရှိပြီး အလျားအားဖြင့် ၁၀၀ ဝန်းကျင်ခန့်ရှိပါတယ်။ ဒီမြစ်ဟာ အဲဒီဒေသမှာ နေထိုင်တဲ့ ဆစ်ခ်လူမျိုးတွေရဲ့ အလေးအမြတ်ထားရာ မြစ်တစင်းဖြစ်ပေမယ့် ဆယ်စုနှစ်ပေါင်းမျာစွာ ကြာမြင့်ပြီးတဲ့နောက်မှာတော့ ရေဆိုးတွေ အမှိုက်တွေပြည့်နေတဲ့ မြစ်တစင်းဖြစ်လာပါတော့တယ်။ အကြောင်းကတော့ ဒီမြစ်ငယ်တလျှောက်မှာရှိတဲ့ မြို့ ၆မြို့ နဲ့ရွာပေါင်း ၄၀ လောက်က အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေကို ဒီမြစ်ထဲမှာပဲ ပစ်လေ့ရှိတာကြောင့်ပါ။

ဒီမြစ်ဟာ ခေတ်အဆက်ဆက် လူတွေရဲ့ စွန့်ပစ်မှုတွေနဲ့ စက်မှုလုပ်ငန်းစွန့်ပစ်မှုတွေကြောင့် ညစ်ညမ်းခဲ့ရပါတယ်။ ဒါအပြင် မြစ်တလျှောက်လုံးမှာ ဗေဒါပင်တွေပြည့်နှက်နေတာကြောင့် အမှိုက်များ ဗေဒါပင်များကြောင့် ကောင်းမွန်စွာစီးဆင်းနိုင်ခြင်းမရှိပဲ မြစ်တချို့အစိတ်အပိုင်းတွေဆိုရင် ရေလျာ့ကာ ခြောက်သွေ့ကုန်တဲ့ အခြေအနေတွေဖြစ်ခဲ့ရပါတယ်။ ညစ်ညမ်းတဲ့ရေတွေကြောင့် ဒီပတ်ဝန်းကျင်မှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်စေတဲ့အပြင် ရောဂါတွေလည်းရလာခဲ့ပါတယ်။

ဒီလိုပဲ သန့်ရှင်းမယ့်သူ မရှိတဲ့ ဒီမြစ်ဟာ ၂၀၀၀ ခုနှစ်မှာတော့ စတင်ပြောင်းလဲခဲ့ပါတယ်။ ညစ်ပတ်ကာ အမှိုက်တွေအပြည့်ဖြစ်နေတဲ့ ဒီမြစ်ကို Nirmala Sikh တယောက်ဖြစ်တဲ့ Balbir Singh Seechewal က တွေ့သွားရာမှ ပြောင်းလဲပစ်ဖို့ စိတ်ကူးမိခဲ့ပါတယ်။ ဒီလောက်ရှည်လျားတဲ့မြစ်ကို လူတယောက်တည်းအင်အားနဲ့ ပြောင်းပစ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် Balbir Singh ကတော့ ဒီလိုတွေးမနေပဲ သူ့ရဲ့လက်နှစ်ဖက်နဲ့ မြစ်ထဲက အမှိုက်တွေကို စဆယ်ခဲ့ပါတယ်။

ခေါင်းဆောင်ဖြစ်သူကိုယ်တိုင်က ဒီလိုစလုပ်တဲ့အခါ Balbir Singh ရဲ့နောက်လိုက်တွေကလည်း သူ့ဆရာကို ကူညီတဲ့အနေနဲ့ အမှိုက်တွေကို ဝိုင်းဆယ်ကြပါတော့တယ်။ သူတို့အဖွဲ့ဟာ ကိရိယာအကူအညီတွေမပါပဲ လက်ချည်းသက်သက်နဲ့ပဲ အမှိုက်တွေကို ရက်ပေါင်းများစွာ ဆယ်ခဲ့ကြပါတယ်။ သူတို့ဒီလိုလုပ်နေတာကို မြင်ရပါများလာတဲ့အခါ ဒေသခံနေထိုင်သူ စေတနာ့ဝန်ထမ်းတွေကလည်း သူတို့နဲ့ လာရောက်ပူးပေါင်းပြီး မြစ်သန့်ရှင်းလုပ်ငန်းမှာ ပါဝင်လာကြပါတယ်။

Balbir Singh ရဲ့ မနားမနေ ဦးဆောင်လှုပ်ရှားမှုအောက်မှာ ဒီဒေသက ရွာပေါင်း ၁၂ရွာကလည်းပါဝင်လာကြပါတယ်။ တချို့က လူအင်အားကူညီပြီး တချို့ကတော့ သန့်ရှင်းရာမှာပိုမိုမြန်ဆန်စေဖို့ စက်ကိရိယာတွေကို ပံ့ပိုးကြပါတယ်။ သူတို့အဖွဲ့ဟာ မြစ်ကြောင်းတလျှောက်မှာ အမှိုက်တွေဗေဒါတွေကို ဆယ်ခြင်း နဲ့ ပြိုကျနေတဲ့ မြစ်ကမ်းနဖူးတွေကိုပြန်လည်တည်ဆောက်ခြင်း စတာတွေကို လပေါင်းများစွာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုပြုလုပ်မှုတွေကြောင့် ကာလီဘီးန်မြစ်ဟာ အနည်းငယ် ပြန်လည်သန့်ရှင်းလာခဲ့ပါတယ်။

ဒါပေမယ့် မြစ်ကြောင်းတလျှောက်က တချို့နေထိုင်သူတွေကတော့ အမှိုက်တွေ အညစ်အကြေးတွေကို စွန့်ပစ်ဆဲဖြစ်ပြီး စက်ရုံတွေကလည်း ရေဆိုးတွေကို ဒီမြစ်ထဲပဲ စွန့်ပစ်လျက်ရှိတာကြောင့် သူတို့လုပ်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ Balbir Singh ဟာ နယ်မြေအုပ်ချုပ်ရေး အစိုးရနဲ့ တာဝန်ရှိသူတွေကို သွားရောက်တွေ့ဆုံပြီး ဒီမြစ်ထဲကို အညစ်အကြေး အမှိုက်တွေစွန့်ပစ်တာကို ကြေငြာချက်နဲ့ ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တာဝန်ရှိသူတွေရဲ့ ငြင်းပယ်ခြင်းကိုပဲ ခံခဲ့ရပါတယ်။

ဒီလိုငြင်းပယ်ခဲ့ပေမယ့် Balbir Singh ဟာ အားမလျှော့ခဲ့ပါဘူး။ မြစ်ကြောင်းတလျှောက်က မြို့တွေရွာတွေကိုသွားပြီး မြစ်ထဲကို အမှိုက်တွေစွန့်ပစ်တာဟာ ဘယ်လောက်ဆိုးဝါးကြောင်း ၊ နေထိုင်သူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေကြောင်း ဟောပြောပွဲလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒီလိုပွဲတွေကို ခပ်စိတ်စိတ်လုပ်ပြီးတဲ့နောက်မှာတော့ လူအများစုဟာ လက်ခံလာကြပြီး မြစ်ထဲကို အမှိုက်စွန့်ပစ်တာတွေကို အတတ်နိုင်ဆုံး မလုပ်ကြတော့ပါဘူး။

ဒီလိုနဲ့ Balbir Singh ရဲ့မြစ်သန့်ရှင်းရေး ဦးဆောင်လှုပ်ရှားမှုမှာ စေတနာ့ဝန်ထမ်းပေါင်း ၃၀၀၀ နီးပါး ပါဝင်လာခဲ့ပါတယ်။ နေ့စဉ်ပုံမှန် မြစ်သန့်ရှင်းရေးကိုလုပ်ကြပြီး ၃နှစ်ခွဲအကြာမှာတော့ အရင်က အမှိုက်ရေဆိုး အပြည့်နဲ့ မြစ်တစင်းဟာ လှပသန့်ရှင်းတဲ့ မြစ်တစင်းအဖြစ် သို့ ပြောင်းလဲသွားပါတော့တယ်။ သူတို့အဖွဲ့ဟာ မြစ်ကိုသန့်ရှင်းစေရုံသာမက မြစ်ကမ်းပါးတလျှောက်မှာ ပန်းပင် ၊ သစ်ပင်တွေကိုစိုက်ခြင်း ၊ ရေချိုးဆိပ်တွေတည်ဆောက်ခြင်း ၊ အုတ်လမ်းတွေ ခင်းပေးခြင်းတွေကိုပါ ဖန်တီးပေးခဲ့ကြပါတယ်။

မြစ်ကို သန့်ရှင်းစေခြင်းအားဖြင့် ဒီပတ်ဝန်းကျင်ဒေသရဲ့ ရေနဲ့ဆိုင်တဲ့ အခက်အခဲတွေကို ဖြေရှင်းပြီးဖြစ်စေခဲ့ပါတယ်။ သူ့ရဲ့လှုပ်ရှားမှုကို အစပိုင်းမှာ သတိမထားမိကြပေမယ့် တဖြည်းဖြည်း မီဒီယာတွေကနေတဆင့် နိုင်ငံတကာအထိ ပျံနှံ့သွားခဲ့သလို အဲဒီအချိန်က အိန္ဒိယသမ္မတကြီးဖြစ်တဲ့ ဒေါက်တာအေပီဂျေအဗ္ဗဒူကလာမ် ရဲ့ ခေါ်ယူတွေ့ဆုံချီးမွမ်းခြင်းကိုပါ ခံခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ တိုင်းမ်မဂ္ဂဇင်းရဲ့ ပတ်ဝန်းကျင်သူရဲကောင်း Hero of Environment အဖြစ် သတ်မှတ်ခံရသလို ၂၀၁၇ ခုနှစ်မှာတော့ နိုင်ငံရဲ့ Padma Shri ဆုတွေကိုပါ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

credit – thutazone

Zawgyi

၉၉ မိုင္ရွည္လ်ားတဲ့ျမစ္ကို အစိုးရအကူအညီမယူပဲ သန႔္ရွင္းေစခဲ့သူ

အိႏၵိယႏိုင္ငံ ပန္ဂ်ပ္ျပည္နယ္မွာ ကာလီဘီးန္ ဆိုတဲ့ ျမစ္ငယ္တစင္းရွိၿပီး အလ်ားအားျဖင့္ ၁၀၀ ဝန္းက်င္ခန႔္ရွိပါတယ္။ ဒီျမစ္ဟာ အဲဒီေဒသမွာ ေနထိုင္တဲ့ ဆစ္ခ္လူမ်ိဳးေတြရဲ႕ အေလးအျမတ္ထားရာ ျမစ္တစင္းျဖစ္ေပမယ့္ ဆယ္စုႏွစ္ေပါင္းမ်ာစြာ ၾကာျမင့္ၿပီးတဲ့ေနာက္မွာေတာ့ ေရဆိုးေတြ အမႈိက္ေတြျပည့္ေနတဲ့ ျမစ္တစင္းျဖစ္လာပါေတာ့တယ္။ အေၾကာင္းကေတာ့ ဒီျမစ္ငယ္တေလွ်ာက္မွာရွိတဲ့ ၿမိဳ႕ ၆ၿမိဳ႕ နဲ႔႐ြာေပါင္း ၄၀ ေလာက္က အမႈိက္နဲ႔ စြန႔္ပစ္ပစၥည္းေတြကို ဒီျမစ္ထဲမွာပဲ ပစ္ေလ့ရွိတာေၾကာင့္ပါ။

ဒီျမစ္ဟာ ေခတ္အဆက္ဆက္ လူေတြရဲ႕ စြန႔္ပစ္မႈေတြနဲ႔ စက္မႈလုပ္ငန္းစြန႔္ပစ္မႈေတြေၾကာင့္ ညစ္ညမ္းခဲ့ရပါတယ္။ ဒါအျပင္ ျမစ္တေလွ်ာက္လုံးမွာ ေဗဒါပင္ေတြျပည့္ႏွက္ေနတာေၾကာင့္ အမႈိက္မ်ား ေဗဒါပင္မ်ားေၾကာင့္ ေကာင္းမြန္စြာစီးဆင္းႏိုင္ျခင္းမရွိပဲ ျမစ္တခ်ိဳ႕အစိတ္အပိုင္းေတြဆိုရင္ ေရလ်ာ့ကာ ေျခာက္ေသြ႕ကုန္တဲ့ အေျခအေနေတြျဖစ္ခဲ့ရပါတယ္။ ညစ္ညမ္းတဲ့ေရေတြေၾကာင့္ ဒီပတ္ဝန္းက်င္မွာရွိတဲ့ စိုက္ပ်ိဳးေရးလုပ္ငန္းေတြကို ထိခိုက္ေစတဲ့အျပင္ ေရာဂါေတြလည္းရလာခဲ့ပါတယ္။

ဒီလိုပဲ သန႔္ရွင္းမယ့္သူ မရွိတဲ့ ဒီျမစ္ဟာ ၂၀၀၀ ခုႏွစ္မွာေတာ့ စတင္ေျပာင္းလဲခဲ့ပါတယ္။ ညစ္ပတ္ကာ အမႈိက္ေတြအျပည့္ျဖစ္ေနတဲ့ ဒီျမစ္ကို Nirmala Sikh တေယာက္ျဖစ္တဲ့ Balbir Singh Seechewal က ေတြ႕သြားရာမွ ေျပာင္းလဲပစ္ဖို႔ စိတ္ကူးမိခဲ့ပါတယ္။ ဒီေလာက္ရွည္လ်ားတဲ့ျမစ္ကို လူတေယာက္တည္းအင္အားနဲ႔ ေျပာင္းပစ္ဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ပါပဲ။ ဒါေပမယ့္ Balbir Singh ကေတာ့ ဒီလိုေတြးမေနပဲ သူ႔ရဲ႕လက္ႏွစ္ဖက္နဲ႔ ျမစ္ထဲက အမႈိက္ေတြကို စဆယ္ခဲ့ပါတယ္။

ေခါင္းေဆာင္ျဖစ္သူကိုယ္တိုင္က ဒီလိုစလုပ္တဲ့အခါ Balbir Singh ရဲ႕ေနာက္လိုက္ေတြကလည္း သူ႔ဆရာကို ကူညီတဲ့အေနနဲ႔ အမႈိက္ေတြကို ဝိုင္းဆယ္ၾကပါေတာ့တယ္။ သူတို႔အဖြဲ႕ဟာ ကိရိယာအကူအညီေတြမပါပဲ လက္ခ်ည္းသက္သက္နဲ႔ပဲ အမႈိက္ေတြကို ရက္ေပါင္းမ်ားစြာ ဆယ္ခဲ့ၾကပါတယ္။ သူတို႔ဒီလိုလုပ္ေနတာကို ျမင္ရပါမ်ားလာတဲ့အခါ ေဒသခံေနထိုင္သူ ေစတနာ့ဝန္ထမ္းေတြကလည္း သူတို႔နဲ႔ လာေရာက္ပူးေပါင္းၿပီး ျမစ္သန႔္ရွင္းလုပ္ငန္းမွာ ပါဝင္လာၾကပါတယ္။

Balbir Singh ရဲ႕ မနားမေန ဦးေဆာင္လႈပ္ရွားမႈေအာက္မွာ ဒီေဒသက ႐ြာေပါင္း ၁၂႐ြာကလည္းပါဝင္လာၾကပါတယ္။ တခ်ိဳ႕က လူအင္အားကူညီၿပီး တခ်ိဳ႕ကေတာ့ သန႔္ရွင္းရာမွာပိုမိုျမန္ဆန္ေစဖို႔ စက္ကိရိယာေတြကို ပံ့ပိုးၾကပါတယ္။ သူတို႔အဖြဲ႕ဟာ ျမစ္ေၾကာင္းတေလွ်ာက္မွာ အမႈိက္ေတြေဗဒါေတြကို ဆယ္ျခင္း နဲ႔ ၿပိဳက်ေနတဲ့ ျမစ္ကမ္းနဖူးေတြကိုျပန္လည္တည္ေဆာက္ျခင္း စတာေတြကို လေပါင္းမ်ားစြာ ျပဳလုပ္ခဲ့ၾကပါတယ္။ ဒီလိုျပဳလုပ္မႈေတြေၾကာင့္ ကာလီဘီးန္ျမစ္ဟာ အနည္းငယ္ ျပန္လည္သန႔္ရွင္းလာခဲ့ပါတယ္။

ဒါေပမယ့္ ျမစ္ေၾကာင္းတေလွ်ာက္က တခ်ိဳ႕ေနထိုင္သူေတြကေတာ့ အမႈိက္ေတြ အညစ္အေၾကးေတြကို စြန႔္ပစ္ဆဲျဖစ္ၿပီး စက္႐ုံေတြကလည္း ေရဆိုးေတြကို ဒီျမစ္ထဲပဲ စြန႔္ပစ္လ်က္ရွိတာေၾကာင့္ သူတို႔လုပ္သေလာက္ ခရီးမေပါက္ခဲ့ပါဘူး။ Balbir Singh ဟာ နယ္ေျမအုပ္ခ်ဳပ္ေရး အစိုးရနဲ႔ တာဝန္ရွိသူေတြကို သြားေရာက္ေတြ႕ဆုံၿပီး ဒီျမစ္ထဲကို အညစ္အေၾကး အမႈိက္ေတြစြန႔္ပစ္တာကို ေၾကျငာခ်က္နဲ႔ ရပ္တန႔္ေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္ တာဝန္ရွိသူေတြရဲ႕ ျငင္းပယ္ျခင္းကိုပဲ ခံခဲ့ရပါတယ္။

ဒီလိုျငင္းပယ္ခဲ့ေပမယ့္ Balbir Singh ဟာ အားမေလွ်ာ့ခဲ့ပါဘူး။ ျမစ္ေၾကာင္းတေလွ်ာက္က ၿမိဳ႕ေတြ႐ြာေတြကိုသြားၿပီး ျမစ္ထဲကို အမႈိက္ေတြစြန႔္ပစ္တာဟာ ဘယ္ေလာက္ဆိုးဝါးေၾကာင္း ၊ ေနထိုင္သူေတြရဲ႕က်န္းမာေရးကို ထိခိုက္ေစေၾကာင္း ေဟာေျပာပြဲလႈပ္ရွားမႈေတြကို ျပဳလုပ္ခဲ့ပါတယ္။ ဒီလိုပြဲေတြကို ခပ္စိတ္စိတ္လုပ္ၿပီးတဲ့ေနာက္မွာေတာ့ လူအမ်ားစုဟာ လက္ခံလာၾကၿပီး ျမစ္ထဲကို အမႈိက္စြန႔္ပစ္တာေတြကို အတတ္ႏိုင္ဆုံး မလုပ္ၾကေတာ့ပါဘူး။

ဒီလိုနဲ႔ Balbir Singh ရဲ႕ျမစ္သန႔္ရွင္းေရး ဦးေဆာင္လႈပ္ရွားမႈမွာ ေစတနာ့ဝန္ထမ္းေပါင္း ၃၀၀၀ နီးပါး ပါဝင္လာခဲ့ပါတယ္။ ေန႔စဥ္ပုံမွန္ ျမစ္သန႔္ရွင္းေရးကိုလုပ္ၾကၿပီး ၃ႏွစ္ခြဲအၾကာမွာေတာ့ အရင္က အမႈိက္ေရဆိုး အျပည့္နဲ႔ ျမစ္တစင္းဟာ လွပသန႔္ရွင္းတဲ့ ျမစ္တစင္းအျဖစ္ သို႔ ေျပာင္းလဲသြားပါေတာ့တယ္။ သူတို႔အဖြဲ႕ဟာ ျမစ္ကိုသန႔္ရွင္းေစ႐ုံသာမက ျမစ္ကမ္းပါးတေလွ်ာက္မွာ ပန္းပင္ ၊ သစ္ပင္ေတြကိုစိုက္ျခင္း ၊ ေရခ်ိဳးဆိပ္ေတြတည္ေဆာက္ျခင္း ၊ အုတ္လမ္းေတြ ခင္းေပးျခင္းေတြကိုပါ ဖန္တီးေပးခဲ့ၾကပါတယ္။

ျမစ္ကို သန႔္ရွင္းေစျခင္းအားျဖင့္ ဒီပတ္ဝန္းက်င္ေဒသရဲ႕ ေရနဲ႔ဆိုင္တဲ့ အခက္အခဲေတြကို ေျဖရွင္းၿပီးျဖစ္ေစခဲ့ပါတယ္။ သူ႔ရဲ႕လႈပ္ရွားမႈကို အစပိုင္းမွာ သတိမထားမိၾကေပမယ့္ တျဖည္းျဖည္း မီဒီယာေတြကေနတဆင့္ ႏိုင္ငံတကာအထိ ပ်ံႏွံ႔သြားခဲ့သလို အဲဒီအခ်ိန္က အိႏၵိယသမၼတႀကီးျဖစ္တဲ့ ေဒါက္တာေအပီေဂ်အဗၺဒူကလာမ္ ရဲ႕ ေခၚယူေတြ႕ဆုံခ်ီးမြမ္းျခင္းကိုပါ ခံခဲ့ရပါတယ္။ ၂၀၀၈ ခုႏွစ္မွာေတာ့ တိုင္းမ္မဂၢဇင္းရဲ႕ ပတ္ဝန္းက်င္သူရဲေကာင္း Hero of Environment အျဖစ္ သတ္မွတ္ခံရသလို ၂၀၁၇ ခုႏွစ္မွာေတာ့ ႏိုင္ငံရဲ႕ Padma Shri ဆုေတြကိုပါ ခ်ီးျမႇင့္ျခင္းခံခဲ့ရပါတယ္။

credit – thutazone

  • Leave a Comment