တစ်နှစ်အတွင်း 23ကြိမ်လက်ထပ်ခဲ့ပြီး ၊ 23ကြိမ်ကွာရှင်းပျက်စဲခဲ့တဲ့ အမျိုးသား

တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ ပြီးခဲ့တဲ့နှစ် 2018 ကတည်းက စုစုပေါင်းအကြိမ်ရေ 46 ကြိမ်ခန့်လက်ထပ်ထိမ်းမြားခဲ့ကြောင်း ရဲအရာရှိများက ရှာဖွေတွေ့ရှိသွားခဲ့ရပါတယ် ။ အဆိုပါအမျိုးသားဟာ ပြီးခဲ့တဲ့အခေါက်က လက်ထပ်ပြီးစီးကြောင်း မှတ်ပုံတင်အမည်စာရင်းသွင်းရင်ကနေ ရဲအရာရှိများကရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ် ။

အဆိုပါအမျိုးသားဟာ တရုတ်နိုင်ငံ၊ Changsha မြို့မှာနေထိုင်တဲ့သူဖြစ်ပြီး ၊ တစ်နှစ်အတွင်းမှာ 23ကြိမ်လက်ထပ်ပြီး 23ကြိမ်ကွာရှင်းခဲ့သူလည်းဖြစ်ပါတယ် ။ အချို့အကြိမ် လက်ထပ်ပွဲတွေမှာဆိုရင် တစ်ရက်သာလက်ထပ်ပေါင်းသင်းခဲ့ပြီး နောက်တစ်ရက်မှာတော့ဇနီးသည်ကို ကွာရှင်းခွင့်တောင်ဆိုခဲ့ပါတယ် ။

ပိုပြီးထူးခြားတဲ့အရာကတော့ ရဲအရာရှိတွေက အဆိုပါအမျိုးသားအကြိမ်ကြိမ်လက်ထပ်ခဲ့ခြင်းကိုလုံးဝမရိပ်မိခဲ့ပဲ ကွာရှင်းတဲ့အကြိမ်ပေါင်း 20ကြိမ်အထိ လုံးဝမရိပ်မိခဲ့ပါဘူး ။ ထို့အပြင် ဒီနှစ် 2019 မှာတော့ ပြီးခဲ့တဲ့အပတ်ကမှ လက်ထပ်ခဲ့တဲ့ဇနီးသည်နဲ့ ကွာရှင်းခဲ့တာလည်း ဖြစ်ကြောင်းသိရှိရပါတယ် ။

တရုတ် social media အသုံးပြုသူများကတော့ အဆိုပါအမျိုးသားကိုဖမ်းဆီးပေးဖို့ တာဝန်ရှိသူများကိုတောင်းဆိုခဲ့ကြပါတယ် ။ ပြည်သူများကတော့ ရဲအရာရှိများကို ၎င်းအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးပေးဖို့ တိုက်တွန်းခဲ့ကြပါတယ် ။

ဘာလို့လဲဆိုတော့ လက်ထပ်မင်္ဂလာပွဲကိုအကြောင်းပြပြီး လက်ဖွဲ့များ ၊ အမွေပစ္စည်းများကိုလိမ်လည်လည့်စားခဲ့ပြီး အမှန်တကယ်လက်ထပ်ပေါင်းသင်ခဲ့ခြင်းမျိုးမဟုတ်သောကြောင့်ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Author: Nyi Thu Tha

Leave a Reply

Your email address will not be published. Required fields are marked *