ကလေးကားတိုက်သွားခဲ့တဲ့ဖြစ်ရပ်မှာ ကလေးမိခင်ကော ၊ ကားဆရာ၏အမှားတွေကိုပါ ပေါ်လွင်စေခဲ့တဲ့ (ရုပ်/သံ)

ကလေးငယ်လေးတစ်ယောက်ဟာ မောင်းနှင်လာခဲ့တဲ့ကားရှေ့တည့်တည့်ဝင်ပြေးခဲ့မိလို့ အသက်သေဆုံးတော့မဲ့ အခြေအနေမျိုးနှင့်ကြုံတွေ့ခဲ့ရပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ စင်ကာပူနိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါvideo ကိုတော့ လမ်းတစ်ဖက်ကနေမောင်းနှင်းလာခဲ့တဲ့ Taxi ကားလို့ယူဆရတဲ့ ကားဆီမှမှတ်တင်တင်းထားနိုင်ခဲ့ခြင်းဖြစ်ပါတယ် ။ Video ရဲ့အစပိုင်းမှာတော့ အမျိုးသမီးနှစ်ယောက်နှင့် ကလေးနှစ်ယောက်တို့ဟာ Sri Ruthra Kaliamman ဘုရားကျောင်း နှင့် Qi Tian Tian ဘုရားကျောင်းအကြား လမ်းရဲ့လူသွားလမ်းမှာ လမ်းလျှောက်လာနေခဲ့ကြတာပါ ။ ထို့အချိန်မှာပဲ ကလေးငယ်တစ်ယောက်ဟာ ရုတ်တရက်လမ်းဖက်ဆီသို့ ပြေးဝင်လာခဲ့ပြီးနောက် အဆိုပါကလေးငယ်၏မိခင်လို့ယူဆရတဲ့အမျိုးသမီးဟာ ကလေးငယ်ကိုလိုက်ဖမ်းခဲ့ပေမဲ့လည်း ရုတ်တရက်ဖြတ်မောင်းလာခဲ့တဲ့ကားကြောင့် သူမရပ်နေခဲ့လိုက်ရပါတယ် ။

အဖြစ်အပျက်အားလုံးဟာ မြန်ဆန်လွန်းနေခဲ့ပြီး ကလေးငယ်လမ်းလယ်ကိုရောက်တာနဲ့ တစ်ပြိုင်နက်ကလေးငယ်ကို ကားဝင်တိုက်ခဲ့ပြီးနောက် မောင်းပြေးသွားခဲ့ပါတယ် ။ တိုက်ပြေးသွားသောကားမှာလည်း ဘရိတ်နင်းချိန်တောင်မရလိုက်ပါဘူး ။ ကားဆရာသတိထားမိလိုက်တဲ့အချိန်မှာတော့ ကလေးငယ်ကိုတိုက်မိခဲ့ပြီးနှင့်နေပါပြီ ။သို့ပေမဲ့လည်း ကလေးငယ်ဟာ အတော်လေးကိုငယ်ရွယ်နေခဲ့တဲ့အတွက် ကားအောက်ဘက်ပိုင်းနှင့် လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေခဲ့ပါတယ် ။

အခြားသော ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်း ရှိမရှိကိုတော့သိရှိခဲ့ခြင်းမျိုးမရှိပေမဲ့လည်း ကလေးငယ်ကိုကားတိုက်မိပြီးနောက် မိခင်ဖြစ်သူပွေ့ချီလိုက်တဲ့အချိန်မှာတော့ ကလေးငယ်ဟာမတ်တပ်ရပ်ဖို့အတော်လေး ဒုက္ခရောက်နေကြောင်း တွေ့ရှိရမှာပါ ။

အခြားသောဒေသခံများကတော့ လမ်းသွားနေတုန်း လမ်းကြောဟာအန္တရာယ်မကင်းဘူးဆိုတာ သိနေလျက်နှင့်ကလေးငယ်၏လက်ကိုမကိုင်စွဲထားခဲ့တဲ့အတွက် ကလေးမိခင်ကိုအပြစ်တင်ခဲ့ကြပြီး ၊ အချို့ကတော့ လမ်းဘေးတွင်ကားပါကင်ထိုးထားသောကားဟာ စည်းမဲ့ကမ်းမဲ့ကားရပ်နားထားသောကြောင့်ဖြစ်ကြောင်း အပြစ်တင်ဝေဖန်ခဲ့ကြပါတယ် ။ ထို့အပြင်တိုက်ပြီးမောင်းပြေးသွားသောကားမှာ အရှိန်လျှော့ပြီး မောင်းနှင်သင့်ကြောင်း နှင့် အရှိန်မြန်လွန်းတဲ့အတွက် လမ်းတစ်ဖက်မှမောင်းနှင်လာသော Taxi ကားမှာ ကလေးငယ်ကိုလှမ်းပြီးသတိပေးဖို့ ဟွန်းတီးချိန်တောင်မရလိုက်ကြောင်း ဝေဖန်ခဲ့ကြပါသေးတယ် ။ အကုန်လုံးကိုပြစ်တင်ဝေဖန်နေကြတာဖြစ်ပေမဲ့လည်း အဖြစ်အပျက်ရဲ့အဆုံးသတ်မှာတော့ကလေးငယ်ဟာ အန္တရာယ်ကင်းသွားခဲ့တဲ့အတွက် ကံကောင်းလွန်းတယ်လို့ပြောရမှာပါ ။ ဒီ Video လေးကိုကြည့်မိပြီးနောက် ကလေးငယ်တွေနဲ့ လမ်းဖြတ်ကူးချိန်ကျရင် ပိုပြီးသတိဝီရိယရှိကြမယ်လို့ မျှော်လင့်မိပါတယ် ။

credit – Jasmine (Mckzone Daily)

Source: worldofbuzz

Author: Nyi Thu Tha

Leave a Reply

Your email address will not be published. Required fields are marked *