တောင်လိုပုံနေတဲ့အမှိုက်တွေနဲ့ အိမ်ကိုထားပစ်ခဲ့ကြတဲ့ အိမ်ငှါးတွေရဲ့လုပ်ရပ်ကြောင့် အိမ်ပိုင်ရှင်တွေအတော်လေးဒုက္ခရောက်ခဲ့ရတဲ့ (ရုပ်/သံ)

Hang Dhamin အမည်ရှိတဲ့ မလေးရှားနိုင်ငံကနာမည်ကြီးတဲ့ traveller တစ်ယောက်ဟာ သူ့၏သူငယ်ချင်းနေအိမ်ကိုငှါးရမ်းခဲ့ကြတဲ့ အိမ်ငှါးတွေရဲ့ တာဝန်မယူတတ်တဲ့စိတ် နဲ့ တရားလွန်လွန်းတဲ့လုပ်ရပ်တွေကို ပြီးခဲ့တဲ့နေ့ကသူ၏ Facebook စာမျက်နှာမှာ ဝေမျှသွားခဲ့ပါတယ် ။ အဆိုပါနေအိမ်ဟာ Penang ပြည်နယ်ရဲ့ Bukit Gedong Flat တိုက်တန်းမှာတည်ရှိခဲ့တာဖြစ်ပြီး ၊ Hang Dhanim ၏ပြောပြချက်အရ သူ၏သူငယ်ချင်းမှာ အဆိုပါနေအိမ်ကို မည်သို့မည်ပုံစတင်ပြီး ရှင်းလင်းရမှန်းမသိဖြစ်နေခဲ့ပါတယ် ။ နောက်ဆုံးမှာတော့ စားသောက်ပြီးသားအမှိုက်များနှင့် အိမ်၏အမိုးအထိရောက်တော့မည့်အမှိုက်ပုံကြီးများကို ရက်ပေါင်းများစွာအချိန်ပေးပြီး သန့်ရှင်းရေးပြုလုပ်ခဲ့ရပါတယ် ။ထို့အပြင် အဆိုပါအမှိုက်ပုံကြီးအတွင်း ကြောင်မကြီး နှင့် ကြောင်ပေါက်စလေးနှစ်ကောင်ပါ တွေ့ရှိခဲ့သေးကြောင်း သိရှိရပါတယ် ။ ထို့အပြင် အိမ်ငှါးများထံမှ ဆိုးဆိုးရွားရွားခက်ခဲစွာ အိမ်သော့ပြန်တောင်းလာခဲ့ပုံကိုလည်း ” အိမ်သော့ပြန်ရဖို့အတွက် ရဲဌာနသို့တိုင်ကြားခဲ့ရပြီး ၊ ရှေ့နေကိုလည်း ငှါးခဲ့ရပါသေးတယ် ၊ အိမ်ငှါးခမပေးရုံတင်မကပါဘူး အိမ်တံခါးဖွင့်လိုက်တာနဲ့ ကျွန်တော်တို့အတော်လေးကို ခေါင်းကိုက်သွားခဲ့ရပါတယ် ။ အိမ်က အမှိုက်ကြွင်းတစ်ခုလိုတောင်ဖြစ်နေပါပြီ ” ဆိုပြီး ရှင်းပြခဲ့ပါတယ် ။

“အစပိုင်းမှာတော့ ညစ်ပတ်လွန်းတဲ့အိမ်ငှါးတွေရဲ့ အိမ်ကိုထားပြစ်ခဲ့တဲ့လုပ်ရပ်တွေကို ဓာတ်ပုံတွေနဲ့သာတွေ့ခဲ့ရလို့ တအားဆိုးဝါးလွန်းမယ်လို့ မထင်ခဲ့ပေမဲ့လည်း အခုကိုယ်တိုင်မျက်လုံးနဲ့တပ်အပ်မြင်လိုက်ရတော့ ကျွန်တော့်သူငယ်ချင်းရဲ့နေအိမ်ကို အမှိုက်ပုံတွေကြားနစ်မြုပ်ပြီး ဖျက်ဆီးပစ်လိုက်သလိုပါပဲ “ဆိုပြီး Hang Dhanim ကသူ၏မျက်မြင်ကိုယ်တွေ့ဖြစ်ရပ်ကို ပြောပြခဲ့ပါတယ် ။

စကားလုံးနှင့် ဖော်ပြတာက သိပ်မပေါ်လွင်လွန်းလှတဲ့အတွက် အိမ်သန့်ရှင်းရေးပြန်ပြုလုပ်နေပုံကို video ရိုက်ကာမှတ်တမ်းတင်ထားခဲ့ပြီး ” Tenants From Hell ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဝေမျှသွားခဲ့ပါတယ် ။

credit – Jasmine (Mckzone Daily)

Source: worldofbuzz

Author: Nyi Thu Tha

Leave a Reply

Your email address will not be published. Required fields are marked *