မိန်းကလေးတွေပြောတတ်ကြတဲ့ အန္တရာယ်အကြီးဆုံးနဲ့ကြောက်စရာအကောင်းဆုံးစကားများ

တစ်ခါတလေကျရင် မိန်းကေးတွေဟာ စိတ်ထဲရှိတဲ့ အရာနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ စကားတွေကိုပြောတတ်ကြပါတယ်။ အထူးသဖြင့် စိတ်မကြည်တဲ့ အခါမျိုးမှာပေါ့။ အဲဒီ့ထဲကမှ ခုဖော်ပြပေးမယ့်စကားတွေ ပါနေပြီဆိုရင် သင်တော်တော် ဂရုစိုက်သင့်ပါတယ်။ မဟုတ်ရင်တော့ သင်တို့ ပြတ်တောင် ပြတ်သွားနိုင်ပါတယ်။

(၁) ရပါတယ်

ဒီလိုပြောတယ်ဆိုရင် သူလုံးဝကို အဆင်မပြေတာပါ။ တစ်ခုခုနဲ့ ပက်သက်ပြီး သင့်ကောင်မလေးက စိတ်ဆိုးရမယ့်အစား ဒီလိုပြောခဲ့ရင်တော့ တော်တော်လေးကို အခြေအနေမကောင်းပါဘူး။ သူစိတ်ပြေအောင် ချက်ချင်းကြိုးစားရပါမယ်။

(၂) လုပ်ချင်တာလုပ်လေ

ဒါဟာလည်း တကယ်ကြောက်စရာကောင်းတဲ့ စကားဖြစ်ပါတယ်။ သူမကြိုက်တဲ့ အရာကို လုပ်မယ်လို့သင်ပြောလိုက်တဲ့ အခါမှာ သူသင့်ကိုတားရမယ့်အစား လုပ်ချင်တာလုပ်လေ လို့ပြောလိုက်တယ် ဆိုရင်တော့ သင်လုံးဝမလုပ်မိစေနဲ့နော်။ သင့်ကို တားချင်စိတ် မရှိလောက်အောင်ကို သင်လုပ်မယ့်အရာကို သူစိတ်ပျက်နေတာကို သင်သဘောပေါက်လိုက်ပါ။

(၃) ငါတစ်ယောက်တည်းနေပါရစေ

ရန်ဖြစ်နေတဲ့ အချိန်မှာ ဒီလိုစကားမျိုး သူပြောခဲ့ရင် သင်တော်တော်စဉ်းစားရတော့မှာပါ။ ယောကျ်ားလေးတွေက သူတို့စိတ်ဆိုးနေရင် တစ်ယောက်တည်း နေချင်ကြပေမယ့် မိန်းကလေးတွေကတော့ ပြောင်းပြန်ပါ။ ပြသနာကို မပြေလည်မချင်း သူတို့ဘေးနားမှာပဲ ထိုင်ပြီး ဖြေရှင်းပေးသွားပါ။

(၄)သြော်

ဒီစကားကို ကြားရင်တော့ သင်ဘုရားတလိုက်ပါတော့။ သင်တို့လက်ရှိ ဖြစ်နေတဲ့ ပြသနာနဲ့ ပတ်သက်ပြီး သင်သူ့ကို ဘယ်လိုမှ အနိုင်မရနိုင်တော့ပါဘူး။

(၅) ထားလိုက်ပါတော့

ဒါဟာလည်း ပုံမှန်မဟုတ်ပါဘူး။ သူတကယ် ဆိုလိုချင်တာက နင်လုပ်ခဲ့တဲ့ ကိစ္စကို ပြန်ရှင်း လို့ပြောချင်နေတာပါ။ သင်လုပ်လိုက်တဲ့ ကိစ္စနဲပ ပတ်သက်ပြီး သူတော်တော်နဲ့ စိတ်ပြေနိုင်တော့မှာ မဟုတ်ပါဘူး။

credit – Em Em(Auntymay)

Author: Nyi Thu Tha

Leave a Reply

Your email address will not be published. Required fields are marked *