အကြားအာရုံချို့တဲ့နေတဲ့ ကလေးငယ်တွေကို ကုသဖို့ ကုသစရိတ် ထောက်ပံ့ပေးခဲ့တဲ့ Yoo In Na

မင်းသမီးချော Yoo In Na ကတော့ အကြားအာရုံချို့တဲ့နေတဲ့ ကလေးငယ်တွေကို ပြန်လည်ကုသပေးစရိတ် အလုံးစုံကို ထောက်ပံ့ပေးခဲ့တာပဲ ဖြစ်ပါတယ်။

September 2 ရက်နေ့က လူထုအကျိုးပြုအဖွဲ့အစည်းဖြစ်တဲ့ ‘The Snail of Love’ ကနေပြီး Yoo In Na ရဲ့ လှူဒါန်းမှုကို ကြေညာပေးခဲ့တဲ့အကြောင်းကို sbs က ခုလိုဖော်ပြထားခဲ့ပါတယ်။

အဖွဲ့အစည်းရဲ့ ပြောကြားချက်အရ Yoo In Na ဟာ ‘Kang Yoon-ho’ ဆိုတဲ့ ကလေးလေးအတွက် လိုအပ်တဲ့ ကုသမှု နှစ်နှစ်စာ ကုသစရိတ်တွေကို လက်ရှိမှာ ထောက်ပံ့လျက်ရှိပါတယ်။ အဖွဲ့အစည်းက ခုလိုပြောကြားထားပါတယ် “ အကြားအာရုံချို့တဲ့နေတဲ့ Kang Yoon-ho လေးအတွက် Yoo In Na က လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှုတွေကို ပေးထားခဲ့တာပါ အရင်ကလည်း ကလေးလေးယောက်ကို ထောက်ပံ့ပေးခဲ့ပြီးတော့ ထပ်ပြီးတော့လည်း ကလေးရှစ်ယောက်ကို ထောက်ပံ့ပေးသွားအုံးမှာ ဖြစ်ပါတယ် ခုလို လှူဒါန်းမှုအတွက် Yoo In Na ကို ကျေးဇူးအထူး တင်ပါတယ်” ဆိုပြီး ပြောကြားထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး မင်းသမီးချော Yoo In Na ရဲ့ ကြင်နာတတ်မှုကြောင့် အွန်လိုင်းမှာ များစွာသော ကော်မန့်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပရိတ်သတ်တွေက “ သူမက စိတ်ထားရော လူရော အရမ်းကို လှတဲ့သူပဲ” “Yoo In Na က အ‌တောင်ပံတွေမပါတဲ့ နတ်သမီးလေးပါ” “ ဒါက တကယ့်ကို မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ လုပ်ဆောင်မှုပဲ ဆက်လုပ်ဆောင်သွားပါ” စသဖြင့် ပြောကြားထားကြပါတယ်။

credit-shwemom

Zawgyi

အၾကားအာ႐ံုခ်ိဳ႕တဲ့ေနတဲ့ ကေလးငယ္ေတြကို ကုသဖုိ႔ ကုသစရိတ္ ေထာက္ပ႔ံေပးခဲ့တဲ့ Yoo In Na

မင္းသမီးေခ်ာ Yoo In Na ကေတာ့ အၾကားအာ႐ံုခ်ိဳ႕တဲ့ေနတဲ့ ကေလးငယ္ေတြကို ျပန္လည္ကုသေပးစရိတ္ အလံုးစံုကို ေထာက္ပံ႔ေပးခဲ့တာပဲ ျဖစ္ပါတယ္။

September 2 ရက္ေန႔က လူထုအက်ိဳးျပဳအဖြဲ႔အစည္းျဖစ္တဲ့ ‘The Snail of Love’ ကေနၿပီး Yoo In Na ရဲ႕ လွဴဒါန္းမႈကို ေၾကညာေပးခဲ့တဲ့အေၾကာင္းကို sbs က ခုလုိေဖာ္ျပထားခဲ့ပါတယ္။

အဖြဲ႔အစည္းရဲ႕ ေျပာၾကားခ်က္အရ Yoo In Na ဟာ ‘Kang Yoon-ho’ ဆုိတဲ့ ကေလးေလးအတြက္ လိုအပ္တဲ့ ကုသမႈ ႏွစ္ႏွစ္စာ ကုသစရိတ္ေတြကို လက္႐ွိမွာ ေထာက္ပံ႔လ်က္႐ွိပါတယ္။ အဖြဲ႔အစည္းက ခုလိုေျပာၾကားထားပါတယ္ “ အၾကားအာ႐ံုခ်ိဳ႕တဲ့ေနတဲ့ Kang Yoon-ho ေလးအတြက္ Yoo In Na က လုိအပ္တဲ့ ေငြေၾကးေထာက္ပ႔ံမႈေတြကို ေပးထားခဲ့တာပါ အရင္ကလည္း ကေလးေလးေယာက္ကို ေထာက္ပံ႔ေပးခဲ့ၿပီးေတာ့ ထပ္ၿပီးေတာ့လည္း ကေလး႐ွစ္ေယာက္ကို ေထာက္ပံ႔ေပးသြားအံုးမွာ ျဖစ္ပါတယ္ ခုလုိ လွဴဒါန္းမႈအတြက္ Yoo In Na ကို ေက်းဇူးအထူး တင္ပါတယ္” ဆုိၿပီး ေျပာၾကားထားပါတယ္။

ဒီသတင္းနဲ႔ပတ္သက္ၿပီး မင္းသမီးေခ်ာ Yoo In Na ရဲ႕ ၾကင္နာတတ္မႈေၾကာင့္ အြန္လုိင္းမွာ မ်ားစြာေသာ ေကာ္မန္႔ေတြ ထြက္ေပၚလာခဲ့ပါတယ္။

ပရိတ္သတ္ေတြက “ သူမက စိတ္ထားေရာ လူေရာ အရမ္းကို လွတဲ့သူပဲ” “Yoo In Na က အ‌ေတာင္ပံေတြမပါတဲ့ နတ္သမီးေလးပါ” “ ဒါက တကယ့္ကို မယံုႏုိင္ေလာက္ေအာင္ ေကာင္းမြန္တဲ့ လုပ္ေဆာင္မႈပဲ ဆက္လုပ္ေဆာင္သြားပါ” စသျဖင့္ ေျပာၾကားထားၾကပါတယ္။

credit-shwemom

  • Leave a Comment