တစ်နှစ်အတွင်း မယုံနိုင်လောက်အောင် ဝိတ်ချပြပြီး အတော်လေးချောမောသူဖြစ်ကြောင်း သက်သေပြခဲ့တဲ့အမျိုးသား (ရုပ်သံ)

Ruibosu အမည်ရှိတဲ့ ဂျပန်နိုင်ငံက Youtuber အမျိုးသားတစ်ယောက်ဟာ ကိုယ်အလေးချိန် 308 ပေါင်အထိရှိခဲ့ဖူးသူပါ ။ ပြီးခဲ့တဲ့နှစ်မှာပဲ အဆိုပါအမျိုးသားဟာ ဝိတ်ချော့ချဖို့စတင်ဆောင်ရွက်ခဲ့ပြီး သူ၏ကိုယ်အလေးချိန်လျော့ချပုံအဆင့်ဆင့်ကို YouTube channel မှာပါ ဝေမျှပေးခဲ့ပါတယ် ။ Ruibosu ဟာ ဝိတ်မခြင်း ၊ အခြားကိုယ်ခန္ဓာကျစ်လစ်စေတဲ့ လေ့ကျင့်ခန်းတွေကိုပြုလုပ်ရုံသာမက အစားအသောက်ကိုပါစနစ်တကျ စားသောက်ခဲ့ပါတယ် ။ မိုးရွာသွန်းတဲ့နေ့တွေမှာတောင် သူ၏လေ့ကျင့်ခန်းကို မပျက်မကွက်ဘဲပြုလုပ်ခဲ့သူပါ ။

နေထိုင်မှုဘဝပုံစံပြောင်းလဲပြီး 3လအကြာမှာတော့ Ruibosu ဟာ ကိုယ်အလေးချိန် 238 ပေါင်အထိ လျော့ချနိုင်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူရဲ့ရည်မှန်ချက်တွေကို လုံးဝလက်မလျှော့ဘဲ တစ်နှစ်အတွင်း ပြောင်းလဲနိုင်ခဲ့ပုံကို 3မိနစ်သာကြာမြင့်တဲ့ video လေးနဲ့အကျဉ်းရှုံးဖော်ပြပြီး ဝေမျှခဲ့ပါတယ် ။

Ruibosu ဟာ ယခုအချိန်မှာတော့ လူအများစုရဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ စိတ်ဓာတ်ခွန်းအားဖြစ်စေမဲ့ နမူနာလူတစ်ယောက်အနေနဲ့ဖြစ်နေပါပြီ ။ ယခုလို ကိုယ်အလေးချိန်ကိုလျှော့ချခြင်းဟာ ယာယီဏတာအတွက်မဟုတ်ဘဲ ၊ တစ်သက်လုံး ကျန်းမာကြံခိုင်တဲ့နေထိုင်မှုဘဝပုံစံမျိုး ဖန်တီးသွားမည်ဖြစ်ကြောင်း ပြောပြခဲ့ပါသေးတယ် ။

2.

3.

4.

5.

6.

7.

8.

Jasmine (Mckzone Daily)

Source: boredpanda

Zawgyi





Jasmine (Mckzone Daily)

Source: boredpanda

  • Leave a Comment