ကားတိုက်ခံလိုက်ရလို့ သေဆုံးသွားခဲ့ရတဲ့ ဆင်ပေါက်စလေးကြောင့် ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတဲ့ ဆင်မကြီးရဲ့အဖြစ် (ရုပ်သံ)

မလေးရှားနိုင်ငံက အဝေးပြေးလမ်းမကြီးတစ်နေရာမှာ ယာဉ်မတော်တဆမှုတစ်ခုကြောင့် ဆင်ပေါက်ငယ်လေးသေဆုံးသွားခဲ့ရပါတယ် ။ Video ထဲမှာ တွေ့မြင်ရတဲ့အတိုင် ဆင်မကြီးဟာ ဆင်ငယ်လေးရဲ့အနားကနေ မခွာနိုင်အောင်ဖြစ်နေခဲ့ပြီး ၊ အသက်မဲ့နေပြီဖြစ်တဲ့ ဆင်ငယ်လေးကို ပြန်ထအောင်မထူနေခဲ့ပါတယ် ။ ယာဉ်မတော်တဆမှုကြောင့် ကားတစ်စီးလုံးဟာလည်း ရစရာမရှိအောင်ပျက်စီးသွားခဲ့ပါတယ် ။ လမ်းသွားလမ်းလာများကလည်း လမ်းမကြီးဘေးမှာ ဆင်မကြီးကိုတွေ့လိုက်ရလို့ အတော်လေးကို အံ့သြထိတ်လန့်ခဲ့ကြပါတယ် ။

ထို့အပြင် ဆင်မကြီးတောထဲသို့ပြန်ထွက်သွားအောင် လေသေနတ်လိုပုံစံမျိုးအသံပစ်ဖောက်နေကြတာကိုလည်း ကြားရမှာပါ ။ မျက်မြင်သက်သေတွေရဲ့ပြောပြချက်အရ ဆင်မကြီးကိုအဝေးသို့မမောင်းထုတ်နိုင်ခဲ့ရင် လမ်းမကြီးမှာကားတွေအများကြီးမောင်းနှင်နေကြတာဖြစ်တဲ့အတွက် ယာဉ်မတော်တဆထပ်ပြီးဖြစ်နိုင်ပါသေးကြောင်း နှင့် အခြားသောကားများကလည်း ဆင်မကြီးကိုမတိုက်မိအောင် သတိထားပြီးမောင်းနှင်နေကြတာဖြစ်ကြောင်း ပြောပြခဲ့ပာတယ်။

ကလေးငယ်ကိုဆုံးရှုံးလိုက်ရတဲ့ဆင်မကြီးမှာတော့ ကလေးငယ်အနားကနေမခွာနိုင်ဘဲ ၊ ဆင်ငယ်လေးပြန်နိုးထလာအောင် ဝမ်းနည်းပက်လက်ငိုကြွေးနေရှာတာပါ ။ ဒါကြောင့် ဒီလိုအဖြစ်မျိုး ထပ်မဖြစ်အောင် သစ်တောအနီးကားမောင်းရမယ်ဆိုရင် အရှိန်ရှော့ပြီးမောင်းနင်သင့်ပါတယ် ။ ဘာလို့လည်းဆိုတော့ တောထဲကနေ တိရစ္ဆာန်လေးတွေက ထွက်လာပြီးလမ်းဖြတ်ကူးနိုင်ကြလို့ပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi

ကားတိုက္ခံလိုက္ရလို႔ ေသဆံုးသြားခဲ့ရတဲ့ ဆင္ေပါက္စေလးေၾကာင့္ ဝမ္းနည္းပက္လက္ျဖစ္ခဲ့ရတဲ့ ဆင္မႀကီးရဲ႕အျဖစ္ (႐ုပ္သံ)

မေလး႐ွားႏိုင္ငံက အေဝးေျပးလမ္းမႀကီးတစ္ေနရာမွာ ယာဥ္မေတာ္တဆမႈတစ္ခုေၾကာင့္ ဆင္ေပါက္ငယ္ေလးေသဆံုးသြားခဲ့ရပါတယ္ ။ Video ထဲမွာ ေတြ႔ျမင္ရတဲ့အတိုင္ ဆင္မႀကီးဟာ ဆင္ငယ္ေလးရဲ႕အနားကေန မခြာႏိုင္ေအာင္ျဖစ္ေနခဲ့ၿပီး ၊ အသက္မဲ့ေနၿပီျဖစ္တဲ့ ဆင္ငယ္ေလးကို ျပန္ထေအာင္မထူေနခဲ့ပါတယ္ ။ ယာဥ္မေတာ္တဆမႈေၾကာင့္ ကားတစ္စီးလံုးဟာလည္း ရစရာမ႐ွိေအာင္ပ်က္စီးသြားခဲ့ပါတယ္ ။ လမ္းသြားလမ္းလာမ်ားကလည္း လမ္းမႀကီးေဘးမွာ ဆင္မႀကီးကိုေတြ႔လိုက္ရလို႔ အေတာ္ေလးကို အံ့ၾသထိတ္လန္႔ခဲ့ၾကပါတယ္ ။

ထို႔အျပင္ ဆင္မႀကီးေတာထဲသို႔ျပန္ထြက္သြားေအာင္ ေလေသနတ္လိုပံုစံမ်ိဳးအသံပစ္ေဖာက္ေနၾကတာကိုလည္း ၾကားရမွာပါ ။ မ်က္ျမင္သက္ေသေတြရဲ႕ေျပာျပခ်က္အရ ဆင္မႀကီးကိုအေဝးသို႔မေမာင္းထုတ္ႏိုင္ခဲ့ရင္ လမ္းမႀကီးမွာကားေတြအမ်ားႀကီးေမာင္းႏွင္ေနၾကတာျဖစ္တဲ့အတြက္ ယာဥ္မေတာ္တဆထပ္ၿပီးျဖစ္ႏိုင္ပါေသးေၾကာင္း ႏွင့္ အျခားေသာကားမ်ားကလည္း ဆင္မႀကီးကိုမတိုက္မိေအာင္ သတိထားၿပီးေမာင္းႏွင္ေနၾကတာျဖစ္ေၾကာင္း ​ေျပာျပခဲ့ပာတယ္။

ကေလးငယ္ကိုဆံုး႐ွံုးလိုက္ရတဲ့ဆင္မႀကီးမွာေတာ့ ကေလးငယ္အနားကေနမခြာႏိုင္ဘဲ ၊ ဆင္ငယ္ေလးျပန္ႏိုးထလာေအာင္ ဝမ္းနည္းပက္လက္ငိုေႂကြးေန႐ွာတာပါ ။ ဒါေၾကာင့္ ဒီလိုအျဖစ္မ်ိဳး ထပ္မျဖစ္ေအာင္ သစ္ေတာအနီးကားေမာင္းရမယ္ဆိုရင္ အ႐ွိန္ေ႐ွာ့ၿပီးေမာင္းနင္သင့္ပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ ေတာထဲကေန တိရစာၦန္ေလးေတြက ထြက္လာၿပီးလမ္းျဖတ္ကူးႏိုင္ၾကလို႔ပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

  • Leave a Comment