ရေမြောင်းထဲမှာ ရက်ပေါင်းများစွာပိတ်မိနေတဲ့ ခွေးကလေးကို ကယ်ထုတ်ပေးခဲ့တဲ့ အမျိုးသား (ရုပ်သံ)

တိရစ္ဆာန်လေးတွေအပေါ် သနားညှာတာစိတ်ထားပေးတဲ့ လူတွေရဲ့အပြုအမှုလေးတွေက အတော်လေးကိုလေးစားဖွယ်ကောင်းလွန်းလှပါတယ် ။ ကိုယ့်အတွက်ဘားမှအရေးမပါဘူးဆိုပေမဲ့ ရေမြောင်းထဲမှာပိတ်မိနေတဲ့ခွေးကလေးကို ကယ်ထုတ်ပေးခဲ့တဲ့အမျိုးသားရဲ့အပြုအမှုကို Malaysia Animal Association မှ Facebook page ကနေဝေမျှပြီး ချီးကျူ းခဲ့ပါတယ် ။

‘ သူ့ရဲ့ကြိုးစားအားထုတ်မှုက အနည်းငယ်ပဲလို့ဆိုပေမဲ့ တစ်ပါးသူရဲ့အသက်နဲ့ဘဝကိုကယ်တင်ပေးလိုက်တာပါပဲ ၊ Port Klang မြို့ရဲ့ရေမြောင်းတစ်နေရာမှာ ပိတ်မိနေတဲ့ ခွေးလေးကိုကယ်တင်ပေးခဲ့တဲ့ အဖွဲ့ဝင် Naim Omar ကို ကျေးဇူးတင်ပါတယ် ‘ ဆိုပြီး ရေးသားထားပါသေးတယ် ။

‘ ခွေးလေးက ရက်အနည်းငယ်ကြာတဲ့အထိရေမြောင်းမှာ ပိတ်မိနေပုံရပါတယ် ၊ Nami ဟာ တောက်ပနေတဲ့မျက်လုံးတွေကို တွေ့လိုက်လို့ အနီးကပ်ကြည့်လိုက်မှ အေးခဲတုန်လှုပ်နေတဲ့ ခွေးကလေးကိုတွေ့ရှိခဲ့တာပါ ‘ ဆိုပြီး ထပ်လောင်းပြောပြခဲ့ပါသေးတယ် ။ ခွေးလေးကတော့ ပိုင်ရှင်ရှိပုံရပြီး ရေမြောင်ထဲကနေလွတ်မြောက်တာနဲ့ ချက်ချင်းသူ့ရဲ့နေအိမ်သို့ ပြေးပြန်သွားခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi





Jasmine (Mckzone Daily)

Source: worldofbuzz

  • Leave a Comment