ကျန်းမာရေးမကောင်းရှာတဲ့ ဦးဝင်းနိုင်ကို ၁၀ သိန်းတိတိလှူဒါန်းလိုက်တဲ့ မြင့်မြတ်

သရုပ်ဆောင်မြင့်မြတ်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူပါ….သရုပ်ဆောင်ကောင်းပြီး စိတ်ရင်းလည်းကောင်းတာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးခြင်း ခံရသူပါ…..

COVID-19 ကာလမှာလည်း မြောက်ဒဂုံမြို့နယ်အတွင်းက စားဝတ်နေရေး အခက်အခဲ ကြုံနေရသူတွေအတွက် ဆန် တွေပေးဝေလှူဒါန်းခဲ့ပါတယ်။ ခုလည်းပဲ မင်းသားမြင့်မြတ်ဟာ ဦးဝင်းနိုင်ရဲ့ ကျန်းမာရေးအတွက် ငွေကျပ်(၁၀)သိန်းထောက်ပံ့လှူဒါန်းခဲ့ပါတယ်…

ဒီလိုလှူဒါန်းခဲ့တာနဲ့ ပတ်သက်လို့ ဦးဝင်းနိုင်ရဲ့ သမီးဖြစ်သူ မသဇင်ဆုဝေလွင်က “ဖေဖေ့အတွက်ကူညီထောက်ပံ့ငွေ 1000000 (၁၀)သိန်းကျပ်လှူဒါန်းပေးပါသောကိုမြင့်မြတ်တို့ ဇနီးမောင်နှံအားအထူးကျေးဇူးတင်ရှိပါတယ်” ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာထက်ကနေ ရေးသားခဲ့တာ တွေ့ရပါတယ်။

ဒါကြောင့် စေတနာကောင်းတဲ့ မင်းသားမြင့်မြတ်ရဲ့ အလှူလေးမှာ ပရိသတ်တွေကလည်း သာဓု (၃) ကြိမ် ခေါ်ဆိုပေးကြပါနော်…

Writer ; Kwee (Jeeptoolay)

Zawgyi







  • Leave a Comment