ရခိုင်ပြည်နယ် COVID-19 ကာကွယ်ရေးလုပ်ငန်းများ အတွက် EFD GROUP မှ သိန်း ၁၀၀၀ လှူဒါန်း

Coronavirus Disease 2019 (COVID-19) ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် Excellent Fortune Development Group(EFD GROUP)နှင့် Excellent Fortune Foundation(EFF Foundation)တို့၏ Chairman, CEO & Founder ဖြစ်သူ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းနှင့် ဇနီးဖြစ်သူ Senior Vice Chairman & Co-Founder အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီ တို့မှ ငွေ ၁၀၀,၀၀၀,၀၀၀/- ကျပ် (သိန်းတစ်ထောင်ကျပ်)နှင့် COVID-19 ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ ဖြစ်သော တစ်ကိုယ်ရေ ကာကွယ်ရေး ဝတ်စုံ (၃၀၀)စုံ၊ N95 Mask (၃၀၀)ခု၊ Goggles (၁၀၀)ခု၊ ခြေအိတ်စွပ်ခုံ (၅)ခုနှင့် ခြေစွတ်အိတ် (၂၅၀)စုံ တို့ကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ ပေးအပ် လှူဒါန်း ခဲ့ပါသည်။

Excellent Fortune Development Group(EFD GROUP)နှင့် Excellent Fortune Foundation(EFF Foundation)သည် COVID-19 ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ လှူဒါန်းပြီး ငွေမှာ ၁,၀၀၀,၀၀၀,၀၀၀/-ကျပ် ( သိန်း တစ်သောင်းကျပ် )ခန့် ရှိပြီ ဖြစ်ပြီဖြစ်ကြောင်း သိရှိရပါသည်။

Ref & Photo – EFD Group

credit – wemedia

Zawgyi




Ref & Photo – EFD Group

credit – wemedia

  • Leave a Comment