နေအိမ်ကနေ 5G နည်းပညာနဲ့ အလုပ်လုပ်နေကြတဲ့ မိုင်းတွင်းအလုပ်သမားများ (ရုပ်သံ)

ကူးစက်ရောဂါအခြေအနေတွေကြောင့် အလုပ်သမားအတော်များများဟာ ၎င်းတို့၏နေအိမ်မှာသာ အလုပ်လုပ်ကိုင်ကြဖို့ အကြောင်းဖန်လာပါတော့တယ် ။ သို့ပေမဲ့လည်း ဆောက်လုပ်ရေး နှင့် မိုင်းတွင်းအလုပ်သမားတွေအတွက်ကျတော့ အဆင်မပြေမှုများဖြစ်ပွားခဲ့ရပါတယ် ။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ တရုတ်နိုင်ငံရှိ မိုင်းတွင်းအလုပ်သမားများဟာ 5G နည်းပညာနဲ့ နေအိမ်၌သာ သက်သောင့်သက်သာ ၊ အန္တရာယ်ကင်းစွာဖြင့် အလုပ်လုပ်ကိုင်လာကြပါတယ် ။ Henan ပြည်နယ်မှာရှိတဲ့ Sandaozhuang Mine မှ အလုပ်သမားများဟာဆိုရင် 5G network နည်းပညာနဲ့ စက်ယန္တရား နှင့် ယာဉ် တွေကိုထိန်းချုပ်ပြီး အလုပ်လုပ်ကိုင်နေကြတာပါ ။ အလုပ်သမားများအချင်းချင်းထိတွေ့ ဆက်ဆံခြင်းများမရှိတဲ့အပြင် ၊ ယခင်ကထက် သက်တောင့်သက်သာ အလုပ်ချိန်ကြာမြင့်စွာလည်း လုပ်ကိုင်လာနိုင်ကြပါတယ် ။

မိုင်းတွင်းရှိ အချို့သော စက်ယန္တရားများကို ထိန်းချုပ်ပြီးလုပ်ကိုင်နေရပေမဲ့ အချို့စက်တွေ့ကတော့ Auto အလုပ်လုပ်နေလို့ မိုင်းတွင်းကြီးဟာ အလုပ်သမားတွေအပြည့်ဖြင့်အလုပ်လုပ်ကိုင်နေသလိုဖြစ်နေခဲ့ပါတယ် ။ အလုပ်သမားတွေကလည်း 5G နည်းပညာနဲ့ အခန်းတွင်းသာနေထိုင်ပြီး စက်တွေကိုထိန်းချုပ်နေတာဖြစ်တဲ့အတွက် ကြည့်လိုက်ရင်တော့ ဂိမ်းတွေဆော့ကစားနေကြတဲ့အတိုင်းပါပဲ ။

ကူးစက်ရောဂါအခြေအနေတွေကြောင့် ဆောက်လုပ်ရေး နှင့် မိုင်းတွင်းအလုပ်သမားများဟာ အခက်အခဲတွေဖြစ်နေရပေမဲ့လည်း ယခုလို 5G network နည်းပညာက မိုင်းတွင်းအလုပ်တွေကိုအချိန်မြန်ဆန်စွာပြီးဆုံးစေတဲ့အပြင် ၊ အဝေးကနေထိန်းချုပ်နိုင်လို့ အချိန်တိုတိုနှင့်အကျိုးများစေမည့် နည်းလမ်းတစ်ခုလည်းဖြစ်နေပါတယ် ။

Jasmine (Mckzone Daily)

Source: nextshark

Zawgyi

ေနအိမ္ကေန 5G နည္းပညာနဲ႔ အလုပ္လုပ္ေနၾကတဲ့ မိုင္းတြင္းအလုပ္သမားမ်ား (႐ုပ္သံ)

ကူးစက္ေရာဂါအေျခအေနေတြေၾကာင့္ အလုပ္သမားအေတာ္မ်ားမ်ားဟာ ၎တို႔၏ေနအိမ္မွာသာ အလုပ္လုပ္ကိုင္ၾကဖို႔ အေၾကာင္းဖန္လာပါေတာ့တယ္ ။ သို႔ေပမဲ့လည္း ေဆာက္လုပ္ေရး ႏွင့္ မိုင္းတြင္းအလုပ္သမားေတြအတြက္က်ေတာ့ အဆင္မေျပမႈမ်ားျဖစ္ပြားခဲ့ရပါတယ္ ။ ဒါေပမဲ့ ဒီတစ္ေခါက္မွာေတာ့ တ႐ုတ္ႏိုင္ငံ႐ွိ မိုင္းတြင္းအလုပ္သမားမ်ားဟာ 5G နည္းပညာနဲ႔ ေနအိမ္၌သာ သက္ေသာင့္သက္သာ ၊ အႏၱရာယ္ကင္းစြာျဖင့္ အလုပ္လုပ္ကိုင္လာၾကပါတယ္ ။ Henan ျပည္နယ္မွာ႐ွိတဲ့ Sandaozhuang Mine မွ အလုပ္သမားမ်ားဟာဆိုရင္ 5G network နည္းပညာနဲ႔ စက္ယႏၱရား ႏွင့္ ယာဥ္ ေတြကိုထိန္းခ်ဳပ္ၿပီး အလုပ္လုပ္ကိုင္ေနၾကတာပါ ။ အလုပ္သမားမ်ားအခ်င္းခ်င္းထိေတြ႔ ဆက္ဆံျခင္းမ်ားမ႐ွိတဲ့အျပင္ ၊ ယခင္ကထက္ သက္ေတာင့္သက္သာ အလုပ္ခ်ိန္ၾကာျမင့္စြာလည္း လုပ္ကိုင္လာႏိုင္ၾကပါတယ္ ။

မိုင္းတြင္း႐ွိ အခ်ိဳ႕ေသာ စက္ယႏၱရားမ်ားကို ထိန္းခ်ဳပ္ၿပီးလုပ္ကိုင္ေနရေပမဲ့ အခ်ိဳ႕စက္ေတြ႔ကေတာ့ Auto အလုပ္လုပ္ေနလို႔ မိုင္းတြင္းႀကီးဟာ အလုပ္သမားေတြအျပည့္ျဖင့္အလုပ္လုပ္ကိုင္ေနသလိုျဖစ္ေနခဲ့ပါတယ္ ။ အလုပ္သမားေတြကလည္း 5G နည္းပညာနဲ႔ အခန္းတြင္းသာေနထိုင္ၿပီး စက္ေတြကိုထိန္းခ်ဳပ္ေနတာျဖစ္တဲ့အတြက္ ၾကည့္လိုက္ရင္ေတာ့ ဂိမ္းေတြေဆာ့ကစားေနၾကတဲ့အတိုင္းပါပဲ ။

ကူးစက္ေရာဂါအေျခအေနေတြေၾကာင့္ ေဆာက္လုပ္ေရး ႏွင့္ မိုင္းတြင္းအလုပ္သမားမ်ားဟာ အခက္အခဲေတြျဖစ္ေနရေပမဲ့လည္း ယခုလို 5G network နည္းပညာက မိုင္းတြင္းအလုပ္ေတြကိုအခ်ိန္ျမန္ဆန္စြာၿပီးဆံုးေစတဲ့အျပင္ ၊ အေဝးကေနထိန္းခ်ဳပ္ႏိုင္လို႔ အခ်ိန္တိုတိုႏွင့္အက်ိဳးမ်ားေစမည့္ နည္းလမ္းတစ္ခုလည္းျဖစ္ေနပါတယ္ ။

Jasmine (Mckzone Daily)

Source: nextshark

  • Leave a Comment