စာအုပ်မဝယ်နိုင်လို့ ငှက်ပျောရွက်လေးတွေနဲ့ စာရေးနေရတဲ့ သနားစရာ ကျောင်းသားလေး

ကျောင်းသားအများစုဟာ သူတို့မိဘတွေက စာရေးကိရိယာတွေကို လိုလေသေးမရှိ ဖြည့်ဆည်းပေးကြတဲ့အတွက် မကြောင့်မကြပဲနေနိုင်ကြပါတယ်။ ဒါပေမယ့် တစ်ချို့ကျောင်းသားတွေကတော့ ကံမကောင်းကြရှာပါဘူး။

အဲ့ဒီထဲက ကျောင်းသားတစ်ယောက်ဟာ သူ့ရဲ့ဆင်းရဲနွမ်းပါးမှုကို အရှုံးမပေးခဲ့ပါဘူး။ သူက ကျောင်းစာအုပ်ဝယ်ဖို့ မတတ်နိုင်တဲ့အတွက် ဖြစ်နိုင်တဲ့နည်းလမ်းတွေကို ကြံဖန်ခဲ့ပါတယ်။ ဘယ်လိုဖန်တီးခဲ့လဲဆိုတော့ သူဟာ ငှက်ပျောရွက်တွေကိုရှာပြီး စာအုပ်အဖြစ်သုံးပြီး မှတ်စုတွေကို လိုက်ရေးခဲ့ခြင်းပဲဖြစ်ပါတယ်။အဆိုပါ ကျောင်းသားလေးဟာ ဖိလစ်ပိုင်မှာရှိတဲ့ Lianga National Comprehensive School မှာ ပညာသင်ယူနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူက ရေးစရာမှတ်စုစာအုပ်ဝယ်ဖို့မတတ်နိုင်တဲ့အခါမှာ သူ့ရဲ့လုံ့လဝီရိယကို သက်သေပြခဲ့ပါတယ်။ လိမ်မာပါးနပ်တဲ့ အဲ့ဒီကောင်လေးဟာငှက်ပျောရွက်အချို့ကိုယူပြီး စာရေးဖို့စာရွက်အဖြစ်အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီကောင်လေး ရဲ့ ရိုးသားကြိုးစားတဲ့အကြောင်းကိုသူ့ရဲ့ဆရာမက ဆိုရှယ်မီဒီယာပေါ်မှာ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ဆရာမက ကျောင်းသားတွေကို မှတ်စုတွေလိုက်ရေးခိုင်းထားပြီးလိုက်လံကြည့်ရှုတဲ့အခါ ငှက်ပျောရွက်နဲ့ စာရေးနေတဲ့ ကျောင်းသား‌လေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီကျောင်းသားလေးကဘာကိုမှ ရှက်ရွံ့နေခြင်း မရှိဘူးလို့ သူ့ရဲ့ဆရာမကပြောပါတယ်။ ဒါတင်မကပဲ ဆရာမကို သူရေးထားတဲ့မှတ်စုတွေ မှန်ကန်ရဲ့လားဆိုတာစစ်ကြည့်ပါဦးလို့တောင် နောက်ပြောင်ခဲ့ပါသေးတယ်။ယခုအခါမှာ ကျောင်းသားလေးရဲ့ အရှုံးမပေးတဲ့ တီထွင်ကြံဆမှုကိုလူတွေကအားပေးထောက်ခံနေကြပါတယ်။ အဲ့ဒီကျောင်းသားလေးက သူကြီးလာတဲ့အခါ စစ်သားကြီးဖြစ်ချင်တယ်လို့ ပြောပါတယ်။သူ့မိသားစုက အလွန်ဆင်းရဲသော်လည်း သူကတော့ သူ့ရဲ့အိမ်မက်တွေကို ဆင်းရဲမွဲတေမှုကြောင့် အပျက်အစီးမခံဖို့ ဆုံးဖြတ်ထားပုံရပါတယ်။

အဲ့ဒီကျောင်းသားလေးရဲ့ဘဝက ဆင်းရဲခြင်းဟာ အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ အလွန်ကြီးမားတဲ့အနှောင့်အယှက်လို့ တွေးနေသူတွေအတွက်တော့ စဉ်းစားစရာတစ်ခုဖြစ်လာခဲ့ပါတယ်။ နောက်ဆုံး ကျောင်းသားလေးက သူ့ရဲ့ဘဝပန်းတိုင်ကို‌ရောက်ဖို့အတွက် ဆက်လက်ကြိုးစားသွားမယ်လို့ မျှော်လင့်ရပါတယ်…။ ။

Zawgyi

စာအုပ္မ၀ယ္ႏိုင္လို ့ ငွက္ေပ်ာ႐ြက္ေလးေတြနဲ႔ စာေရးေနရတဲ့ သနားစရာ ေက်ာင္းသားေလး

ေက်ာင္းသားအမ်ားစုဟာ သူတို႔မိဘေတြက စာေရးကိရိယာေတြကို လိုေလေသးမရွိ ျဖည့္ဆည္းေပးၾကတဲ့အတြက္ မေၾကာင့္မၾကပဲေနႏိုင္ၾကပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕ေက်ာင္းသားေတြကေတာ့ ကံမေကာင္းၾကရွာပါဘူး။

အဲ့ဒီထဲက ေက်ာင္းသားတစ္ေယာက္ဟာ သူ႔ရဲ႕ဆင္းရဲႏြမ္းပါးမႈကို အရႈံးမေပးခဲ့ပါဘူး။ သူက ေက်ာင္းစာအုပ္၀ယ္ဖို႔ မတတ္ႏိုင္တဲ့အတြက္ ျဖစ္ႏိုင္တဲ့နည္းလမ္းေတြကို ႀကံဖန္ခဲ့ပါတယ္။ ဘယ္လိုဖန္တီးခဲ့လဲဆိုေတာ့ သူဟာ ငွက္ေပ်ာ႐ြက္ေတြကိုရွာၿပီး စာအုပ္အျဖစ္သုံးၿပီး မွတ္စုေတြကို လိုက္ေရးခဲ့ျခင္းပဲျဖစ္ပါတယ္။အဆိုပါ ေက်ာင္းသားေလးဟာ ဖိလစ္ပိုင္မွာရွိတဲ့ Lianga National Comprehensive School မွာ ပညာသင္ယူေနတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။

သူက ေရးစရာမွတ္စုစာအုပ္၀ယ္ဖို႔မတတ္ႏိုင္တဲ့အခါမွာ သူ႔ရဲ႕လုံ႔လဝီရိယကို သက္ေသျပခဲ့ပါတယ္။ လိမ္မာပါးနပ္တဲ့ အဲ့ဒီေကာင္ေလးဟာငွက္ေပ်ာ႐ြက္အခ်ိဳ႕ကိုယူၿပီး စာေရးဖို႔စာ႐ြက္အျဖစ္အသုံးျပဳဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အဲ့ဒီေကာင္ေလး ရဲ႕ ႐ိုးသားႀကိဳးစားတဲ့အေၾကာင္းကိုသူ႔ရဲ႕ဆရာမက ဆိုရွယ္မီဒီယာေပၚမွာ ခ်ီးက်ဴးဂုဏ္ျပဳခဲ့ပါတယ္။ဆရာမက ေက်ာင္းသားေတြကို မွတ္စုေတြလိုက္ေရးခိုင္းထားၿပီးလိုက္လံၾကည့္ရႈတဲ့အခါ ငွက္ေပ်ာ႐ြက္နဲ႔ စာေရးေနတဲ့ ေက်ာင္းသား‌ေလးတစ္ေယာက္ကိုေတြ႕ခဲ့ပါတယ္။

ဒါေပမယ့္ အဲ့ဒီေက်ာင္းသားေလးကဘာကိုမွ ရွက္႐ြံ႕ေနျခင္း မရွိဘူးလို႔ သူ႔ရဲ႕ဆရာမကေျပာပါတယ္။ ဒါတင္မကပဲ ဆရာမကို သူေရးထားတဲ့မွတ္စုေတြ မွန္ကန္ရဲ႕လားဆိုတာစစ္ၾကည့္ပါဦးလို႔ေတာင္ ေနာက္ေျပာင္ခဲ့ပါေသးတယ္။ယခုအခါမွာ ေက်ာင္းသားေလးရဲ႕ အရႈံးမေပးတဲ့ တီထြင္ႀကံဆမႈကိုလူေတြကအားေပးေထာက္ခံေနၾကပါတယ္။ အဲ့ဒီေက်ာင္းသားေလးက သူႀကီးလာတဲ့အခါ စစ္သားႀကီးျဖစ္ခ်င္တယ္လို႔ ေျပာပါတယ္။သူ႔မိသားစုက အလြန္ဆင္းရဲေသာ္လည္း သူကေတာ့ သူ႔ရဲ႕အိမ္မက္ေတြကို ဆင္းရဲမြဲေတမႈေၾကာင့္ အပ်က္အစီးမခံဖို႔ ဆုံးျဖတ္ထားပုံရပါတယ္။

အဲ့ဒီေက်ာင္းသားေလးရဲ႕ဘ၀က ဆင္းရဲျခင္းဟာ အိမ္မက္ေတြကိုအေကာင္အထည္ေဖာ္ဖို႔ အလြန္ႀကီးမားတဲ့အေႏွာင့္အယွက္လို႔ ေတြးေနသူေတြအတြက္ေတာ့ စဥ္းစားစရာတစ္ခုျဖစ္လာခဲ့ပါတယ္။ ေနာက္ဆုံး ေက်ာင္းသားေလးက သူ႔ရဲ႕ဘ၀ပန္းတိုင္ကို‌ေရာက္ဖို႔အတြက္ ဆက္လက္ႀကိဳးစားသြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္…။ ။

  • Leave a Comment