Wifi Free ရဖို့ စားသောက်ဆိုင်ရှေ့မှာထိုင်ပြီး အိမ်စာလုပ်နေခဲ့ရတဲ့ ကလေးငယ်တွေရဲ့အဖြစ်

ယခုလိုကူးစက်ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ကျောင်းသားအချို့က နေအိမ်မှာအေးဆေးစွာ စာသင်ကြားခွင့်ရနေပေမဲ့လည်း အချို့မှာတော့ ငွေရေးကြေးရေးမတတ်နိုင်လို့ အဆင်မပြေကြတဲ့ကျောင်းသားလေးတွေလည်းရှိပါတယ် ။ ဒီတစ်ခေါက် Instagram ပေါ်မှာ အတော်လေးပျံ့နှံ့နေတဲ့ ဓာတ်ပုံတစ်ပုံမှာလည်း ကလေးမလေးနှစ်ယောက်ဟာ Taco Bell စားသောက်ဆိုင်ရှေ့ရှိ မြေပြင်ပေါ်မှာ စောင့်ကြောင့်လေးထိုင်နေခဲ့တာပါ ။

အကြောင်းကတော့ စားသောက်ဆိုင်ကနေ wifi free အသုံးပြုလို့ရအောင်နှင့် အိမ်စာတွေအကုန်ပြီးအောင်လုပ်နိုင်ဖို့ပါပဲ ။ ကယ်လီဖိုးနီးယားပြည်နယ် ၊ Salinas မြို့က ကျောင်းလေးမှာပညာသင်ကြားနေတဲ့ ကျောင်းသူနှစ်ယောက်လေးရဲ့အဖြစ်ကို @ms-mamie89 အမည်နဲ့ instagram အသုံးပြုသူက တွေ့ရှိသွားခဲ့ပြီး အဆိုပါအဖြစ်အပျက်လေးကို ဝေမျှပေးခဲ့တာဖြစ်ပါတယ် ။

အဆိုပါ post ဟာလူအများစုရဲ့ ရင်ကိုလှုပ်ကိုင်နိုင်ခဲ့ပြီး ပြန်လည်ဝေမျှသူတွေလည်း အများအပြားရှိခဲ့ပါတယ် ။ ရလဒ်အနေနဲ့ နောက်ဆုံးစာသင်ကျောင်းဖက်က ကလေးမလေးတွေအတွက် hotspot လွင့်ပေးခဲ့ပါတယ် ။ ပတ်ဝန်းကျင်အနီးအနားမှလူတွေကလည်း ကလေးငယ်တွေအတွက်စာလေ့လာလို့ရအောင် hotspots လွင့်ပေးဖို့ ကမ်းလှမ်းလာခဲ့ကြပါတော့တယ် ။

Jasmine (Mckzone Daily)

Source: elitereaders

Zawgyi

Wifi Free ရဖို႔ စားေသာက္ဆိုင္ေ႐ွ႕မွာထိုင္ၿပီး အိမ္စာလုပ္ေနခဲ့ရတဲ့ ကေလးငယ္ေတြရဲ႕အျဖစ္

ယခုလိုကူးစက္ေရာဂါျဖစ္ပြားေနတဲ့အခ်ိန္မွာ ေက်ာင္းသားအခ်ိဳ႕က ေနအိမ္မွာေအးေဆးစြာ စာသင္ၾကားခြင့္ရေနေပမဲ့လည္း အခ်ိဳ႕မွာေတာ့ ေငြေရးေၾကးေရးမတတ္ႏိုင္လို႔ အဆင္မေျပၾကတဲ့ေက်ာင္းသားေလးေတြလည္း႐ွိပါတယ္ ။ ဒီတစ္ေခါက္ Instagram ေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔ေနတဲ့ ဓာတ္ပံုတစ္ပံုမွာလည္း ကေလးမေလးႏွစ္ေယာက္ဟာ Taco Bell စားေသာက္ဆိုင္ေ႐ွ႕႐ွိ ေျမျပင္ေပၚမွာ ေစာင့္ေၾကာင့္ေလးထိုင္ေနခဲ့တာပါ ။ အေၾကာင္းကေတာ့ စားေသာက္ဆိုင္ကေန wifi free အသံုးျပဳလို႔ရေအာင္ႏွင့္ အိမ္စာေတြအကုန္ၿပီးေအာင္လုပ္ႏိုင္ဖို႔ပါပဲ ။ ကယ္လီဖိုးနီးယားျပည္နယ္ ၊ Salinas ၿမိဳ႕က ေက်ာင္းေလးမွာပညာသင္ၾကားေနတဲ့ ေက်ာင္းသူႏွစ္ေယာက္ေလးရဲ႕အျဖစ္ကို @ms-mamie89 အမည္နဲ႔ instagram အသံုးျပဳသူက ေတြ႔႐ွိသြားခဲ့ၿပီး အဆိုပါအျဖစ္အပ်က္ေလးကို ေဝမ်ွေပးခဲ့တာျဖစ္ပါတယ္ ။

အဆိုပါ post ဟာလူအမ်ားစုရဲ႕ ရင္ကိုလႈပ္ကိုင္ႏိုင္ခဲ့ၿပီး ျပန္လည္ေဝမ်ွသူေတြလည္း အမ်ားအျပား႐ွိခဲ့ပါတယ္ ။ ရလဒ္အေနနဲ႔ ေနာက္ဆံုးစာသင္ေက်ာင္းဖက္က ကေလးမေလးေတြအတြက္ hotspot လြင့္ေပးခဲ့ပါတယ္ ။ ပတ္ဝန္းက်င္အနီးအနားမွလူေတြကလည္း ကေလးငယ္ေတြအတြက္စာေလ့လာလို႔ရေအာင္ hotspots လြင့္ေပးဖို႔ ကမ္းလွမ္းလာခဲ့ၾကပါေတာ့တယ္ ။

Jasmine (Mckzone Daily)

  • Leave a Comment