အွန်လိုင်းပေါ် နာမည်ကြီးနေတဲ့ သမန်းကျားကိုမြင့်သီချင်းကို ဂစ်တာတီးပြီး ဆိုပြသည့် ဖွားဖွား

“အရှက်နည်းတယ် ဆိုချင်ဆိုတော့… ချောနှမရယ်… အခက်သားကွယ်… ရင်မှာ သိုဝှက် မထားတတ်တယ်… ချစ်စပျိုးသူ မောင်မှာကွယ်… မီးစထိုးသလို ပူလောင်တယ် … ဝသုန်ရယ်… ပြန်လည်သနားသင့်ပါတယ်”

ဒါကတော့ လွန်ခဲ့တဲ့ ၁၉၇၀/၈၀ ပြည့်လွန်ကာလတွေမှာ ထင်ရှားကျော်ကြားတဲ့ တေးသီချင်းတပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။“ပြန်လည်သနားသင့်ပါတယ်”အမည်ရတဲ့ ဒီသီချင်းကိုတော့ သမန်းကျားရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ ကိုမြင့်ရေးစပ်ပြီး သူနဲ့ စိုင်းဝဏ္ဏတို့ အတူတွဲ ဖက်သီဆိုထားခဲ့ကြတာ ဖြစ် ပါတယ်။

မြန်မာ့ရုပ်ရှင်ရွှေခေတ်မှာတော့ သမန်းကျားရုပ်ရှင်ဟာ တခေတ်ဆန်းတဲ့ ရုပ်ရှင် ကားတကားအနေနဲ့ရော ဇာတ်ဝင်သီချင်းဟာလည်း လက်ရှိကာလထိတိုင် တမ်းတနေရ ဆဲ သီချင်း ဖြစ်ခဲ့ပါတယ်။ ဒီကားနဲ့ပဲ သမန်းကျားကိုမြင့်လို့ အမည်တွင်ခဲ့ပြီး သူသီဆိုခဲ့တဲ့ တို့ရဲ့ကမ္ဘာ၊ ပြစ်ပါ ပြေးပါရက်စက်ပါ၊ ညီမစတဲ့ သီချင်းတွေနဲ့အတူ ပြန်လည်သနားသင့်ပါတယ်ကလည်း နာ မည်ကြီးတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

“စိတ်များရယ် မနေသာနိုင်ပဲ စွဲမိတယ်… ထိပ်ထားစံပယ် ဘာလိုချင်သလဲ ပြောပြ ကွယ်… အချစ်အတွက်များဆို ရင်ဆိုင်မယ်… ကျားသစ်နဲ့ ကျားတောင် ယှဉ်နိုင်တယ်… ဓူဝံကြယ် အသာပင် ခုန်လို့ လှမ်းယူမယ်” ခုတခါမှာတော့ ဒီသီချင်းကို အသံပါရမီရှင် အဖွားတယောက်ရဲ့ သီဆိုဟန်နဲ့ ရှုစား ကြရမှာ ဖြစ်ပါတယ်။

နေအိမ်ထဲမှာ ရိုးရိုးရှင်းရှင်းနဲ့ ဂစ်တာကို ကိုယ်တိုင်တီးခတ်ပြီး သီချင်းကို ပိုင်ပိုင် နိုင်နိုင် သီဆိုပြခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ Vision Entertainment ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်ပေါ်မှတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။

“ပြန်လည်သနားသင့်ပါတယ်-၁၉၇၀ ဝန်းကျင်ခန့်က သီချင်းလေးလို့ မှတ်သားရ ပါတယ်… အသက်ကြီးပေမယ့်မပျက်စီးသေးပါဘူးဆိုတဲ့စကားအတိုင်းပဲ… ဂစ်တာသံ ရော… သီဆိုထားတဲ့အသံကိုရော နားထောင်ကြည့်ရင် အရမ်းနားထောင်လို့ ကောင်းပါ တယ်… အဖွားကိုအားပေးကြပါအုံးနော်”လက်ရှိမှာတော့ ဒီသီချင်းကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ် မှာ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၁ သန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

DVB TV News

Zawgyi

အြန္လိုင္းေပၚ နာမည္ႀကီးေနတဲ့ သမန္းက်ားကိုျမင့္သီခ်င္းကို ဂစ္တာတီးၿပီး ဆိုျပသည့္ ဖြားဖြား

“အရွက္နည္းတယ္ ဆိုခ်င္ဆိုေတာ့… ေခ်ာႏွမရယ္… အခက္သားကြယ္… ရင္မွာ သိုဝွက္ မထားတတ္တယ္… ခ်စ္စပ်ိဳးသူ ေမာင္မွာကြယ္… မီးစထိုးသလို ပူေလာင္တယ္ … ဝသုန္ရယ္… ျပန္လည္သနားသင့္ပါတယ္”

ဒါကေတာ့ လြန္ခဲ့တဲ့ ၁၉၇၀/၈၀ ျပည့္လြန္ကာလေတြမွာ ထင္ရွားေက်ာ္ၾကားတဲ့ ေတးသီခ်င္းတပုဒ္ထဲက ေတးသြားစာသားေတြ ျဖစ္ပါတယ္။“ျပန္လည္သနားသင့္ပါတယ္”အမည္ရတဲ့ ဒီသီခ်င္းကိုေတာ့ သမန္းက်ား႐ုပ္ရွင္နဲ႔ နာမည္ႀကီးတဲ့ ကိုျမင့္ေရးစပ္ၿပီး သူနဲ႔ စိုင္းဝဏၰတို႔ အတူတြဲ ဖက္သီဆိုထားခဲ့ၾကတာ ျဖစ္ ပါတယ္။

ျမန္မာ့႐ုပ္ရွင္ေ႐ႊေခတ္မွာေတာ့ သမန္းက်ား႐ုပ္ရွင္ဟာ တေခတ္ဆန္းတဲ့ ႐ုပ္ရွင္ ကားတကားအေနနဲ႔ေရာ ဇာတ္ဝင္သီခ်င္းဟာလည္း လက္ရွိကာလထိတိုင္ တမ္းတေနရ ဆဲ သီခ်င္း ျဖစ္ခဲ့ပါတယ္။ ဒီကားနဲ႔ပဲ သမန္းက်ားကိုျမင့္လို႔ အမည္တြင္ခဲ့ၿပီး သူသီဆိုခဲ့တဲ့ တို႔ရဲ႕ကမာၻ၊ ျပစ္ပါ ေျပးပါရက္စက္ပါ၊ ညီမစတဲ့ သီခ်င္းေတြနဲ႔အတူ ျပန္လည္သနားသင့္ပါတယ္ကလည္း နာ မည္ႀကီးတဲ့ သီခ်င္းတပုဒ္ ျဖစ္ပါတယ္။

“စိတ္မ်ားရယ္ မေနသာႏိုင္ပဲ စြဲမိတယ္… ထိပ္ထားစံပယ္ ဘာလိုခ်င္သလဲ ေျပာျပ ကြယ္… အခ်စ္အတြက္မ်ားဆို ရင္ဆိုင္မယ္… က်ားသစ္နဲ႔ က်ားေတာင္ ယွဥ္ႏိုင္တယ္… ဓူဝံၾကယ္ အသာပင္ ခုန္လို႔ လွမ္းယူမယ္” ခုတခါမွာေတာ့ ဒီသီခ်င္းကို အသံပါရမီရွင္ အဖြားတေယာက္ရဲ႕ သီဆိုဟန္နဲ႔ ရႈစား ၾကရမွာ ျဖစ္ပါတယ္။

ေနအိမ္ထဲမွာ ႐ိုး႐ိုးရွင္းရွင္းနဲ႔ ဂစ္တာကို ကိုယ္တိုင္တီးခတ္ၿပီး သီခ်င္းကို ပိုင္ပိုင္ ႏိုင္ႏိုင္ သီဆိုျပခဲ့တဲ့ ဒီ႐ုပ္သံဗြီဒီယိုဖိုင္ကိုေတာ့ Vision Entertainment ေဖ့စ္ဘြတ္ခ္လူမႈ ကြန္ရက္ေပၚမွတဆင့္ ခုလိုေရးသားၿပီး မွ်ေဝထားခဲ့တာပါ။

“ျပန္လည္သနားသင့္ပါတယ္-၁၉၇၀ ဝန္းက်င္ခန္႔က သီခ်င္းေလးလို႔ မွတ္သားရ ပါတယ္… အသက္ႀကီးေပမယ့္မပ်က္စီးေသးပါဘူးဆိုတဲ့စကားအတိုင္းပဲ… ဂစ္တာသံ ေရာ… သီဆိုထားတဲ့အသံကိုေရာ နားေထာင္ၾကည့္ရင္ အရမ္းနားေထာင္လို႔ ေကာင္းပါ တယ္… အဖြားကိုအားေပးၾကပါအုံးေနာ္”လက္ရွိမွာေတာ့ ဒီသီခ်င္းကို ေဖ့စ္ဘြတ္ခ္အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေပၚ မွာ ရက္ပိုင္းအတြင္း ဝင္ေရာက္ၾကည့္ရႈနားဆင္ၾကတဲ့ အႀကိမ္ေရ ၁ သန္းေက်ာ္သြားခဲ့ၿပီ ျဖစ္ပါတယ္။

DVB TV News

  • Leave a Comment