ကံဆိုးမိုးမှောင်ကျမှာကြောက်လို့ နှစ်ပေါင်း80ခန့် ဆံပင်လုံးဝမညှပ်ဘဲ နေထိုင်ခဲ့တဲ့ 92နှစ်အရွယ်အဘိုးအို (ရုပ်သံ)

ဗီယက်နမ်နိုင်ငံ ၊ Mekong Delta ဒေသရဲ့တောင်ဖက်ပိုင်းမှာနေထိုင်တဲ့အသက် 92 နှစ်အရွယ်အဘိုးအိုဟာ ယုံကြည်ကိုးကွယ်မှုကြောင့် နှစ်ပေါင်း 80 ဝန်းကျင်ခန့်လုံးဝကို ဆံပင်မညှပ်ခဲ့ပါဘူး ။ Nguyen Van Chein အမည်ရှိတဲ့အဘိုးအိုဟာ ဆံပင်ကို လုံးဝမညှပ် ၊ မဖြီး ၊ မလျှော်ဘဲ နှစ်ပေါင်း 80 ခန့်နေထိုင်ခဲ့တာပါ ။ ” ဆံပင်ညှပ်လိုက်ရင် ငါသေရမှာလို့ ယုံကြည်ထားတယ် ၊ ဘားတစ်ခုမှကို မပြောင်းလဲရဲပါဘူး ၊ ဆံပင်ကိုတောင် မဖြီးပါဘူး ၊ ခေါင်းစည်းပုဝါလေးနဲ့အုပ်ထားပြီး ဆံပင်တွေကိုခြောက်ပြီး သန့်ရှင်းအောင်တော့ ဂရုစိုက်ပါတယ် ” ဆိုပြီး အဘိုးအိုကပြောပြခဲ့ပါတယ်။

‘ ကျွန်တော်ဆံပင် မဲနက်နေတဲ့အချိန်ကို သတိရသေးတယ် ၊ ထူပြီး ဆံပင်တအားသန်တယ် ၊ ဆံပင်ကိုဖြီးခဲ့တယ် ၊ မရှုပ်အောင်လည်း အမြဲရှင်းနေခဲ့တာ ၊ ဒါပေမဲ့ ဘုရားကခေါ်နေတာကိုအာရုံခံမိပြီး ကြားလိုက်မိတဲ့နောက်မှာတော့ ငါအရွေးခံလိုက်ရပြီးဆိုတာကို ချက်ချင်းသိခဲ့တယ် ၊ ကျွန်တော်ဆံပင်ကိုထိကြည့်လိုက်တယ် ပြီးတော့ တစ်ညတည်းမှာပဲ ဆံပင်ကလုံးဝကိုမာကျောသွားတာ ၊ ဒီအတိုင်း သူ့ဟာသူဖြစ်သွားတာပါ ‘ ဆိုပြီး အဘိုးအိုက သူ့ရဲ့ဘဝဇာတ်ကြောင်းကို ရှင်းပြခဲ့ပါတယ် ။

အဘိုးအိုဟာ Coconet Religion ဘာသာကိုယုံကြည်ကိုးကွယ်သူဖြစ်ပြီး ၊ အဆိုပါဘာသာကို Nguyen Thanh Nam အမည်ရှိတဲ့ ဗီယက်နမ်ရဲ့ပညာသင်ဆုရရှိခဲ့တဲ့ကျောင်းသားက 1963 ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ် ။ ယုံကြည်ကိုးကွယ်သူပေါင်း 3,500 ကျော်ထိရှိခဲ့ပြီး 1975 ခုနှစ်မှာတော့ အဆိုပါအဖွဲ့ဟာ ပြန်လည်ပြိုကွဲသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: nextshark

Zawgyi

ကံဆိုးမိုးေမွာင္က်မွာေၾကာက္လို႔ ႏွစ္ေပါင္း80ခန္႔ ဆံပင္လံုးဝမညႇပ္ဘဲ ေနထိုင္ခဲ့တဲ့ 92ႏွစ္အရြယ္အဘိုးအို (႐ုပ္သံ)

ဗီယက္နမ္ႏိုင္ငံ ၊ Mekong Delta ေဒသရဲ႕ေတာင္ဖက္ပိုင္းမွာေနထိုင္တဲ့အသက္ 92 ႏွစ္အရြယ္အဘိုးအိုဟာ ယံုၾကည္ကိုးကြယ္မႈေၾကာင့္ ႏွစ္ေပါင္း 80 ဝန္းက်င္ခန္႔လံုးဝကို ဆံပင္မညႇပ္ခဲ့ပါဘူး ။ Nguyen Van Chein အမည္႐ွိတဲ့အဘိုးအိုဟာ ဆံပင္ကို လံုးဝမညႇပ္ ၊ မၿဖီး ၊ မေလ်ွာ္ဘဲ ႏွစ္ေပါင္း 80 ခန္႔ေနထိုင္ခဲ့တာပါ ။ ” ဆံပင္ညႇပ္လိုက္ရင္ ငါေသရမွာလို႔ ယံုၾကည္ထားတယ္ ၊ ဘားတစ္ခုမွကို မေျပာင္းလဲရဲပါဘူး ၊ ဆံပင္ကိုေတာင္ မၿဖီးပါဘူး ၊ ေခါင္းစည္းပုဝါေလးနဲ႔အုပ္ထားၿပီး ဆံပင္ေတြကိုေျခာက္ၿပီး သန္႔႐ွင္းေအာင္ေတာ့ ဂ႐ုစိုက္ပါတယ္ ” ဆိုၿပီး အဘိုးအိုကေျပာျပခဲ့ပါတယ္။

‘ ကြၽန္ေတာ္ဆံပင္ မဲနက္ေနတဲ့အခ်ိန္ကို သတိရေသးတယ္ ၊ ထူၿပီး ဆံပင္တအားသန္တယ္ ၊ ဆံပင္ကိုၿဖီးခဲ့တယ္ ၊ မ႐ႈပ္ေအာင္လည္း အျမဲ႐ွင္းေနခဲ့တာ ၊ ဒါေပမဲ့ ဘုရားကေခၚေနတာကိုအာရံုခံမိၿပီး ၾကားလိုက္မိတဲ့ေနာက္မွာေတာ့ ငါအေရြးခံလိုက္ရၿပီးဆိုတာကို ခ်က္ခ်င္းသိခဲ့တယ္ ၊ ကြၽန္ေတာ္ဆံပင္ကိုထိၾကည့္လိုက္တယ္ ၿပီးေတာ့ တစ္ညတည္းမွာပဲ ဆံပင္ကလံုးဝကိုမာေက်ာသြားတာ ၊ ဒီအတိုင္း သူ႔ဟာသူျဖစ္သြားတာပါ ‘ ဆိုၿပီး အဘိုးအိုက သူ႔ရဲ႕ဘဝဇာတ္ေၾကာင္းကို ႐ွင္းျပခဲ့ပါတယ္ ။

အဘိုးအိုဟာ Coconet Religion ဘာသာကိုယံုၾကည္ကိုးကြယ္သူျဖစ္ၿပီး ၊ အဆိုပါဘာသာကို Nguyen Thanh Nam အမည္႐ွိတဲ့ ဗီယက္နမ္ရဲ႕ပညာသင္ဆုရ႐ွိခဲ့တဲ့ေက်ာင္းသားက 1963 ခုႏွစ္က စတင္တည္ေထာင္ခဲ့တာျဖစ္ပါတယ္ ။ ယံုၾကည္ကိုးကြယ္သူေပါင္း 3,500 ေက်ာ္ထိ႐ွိခဲ့ၿပီး 1975 ခုႏွစ္မွာေတာ့ အဆိုပါအဖြဲ႔ဟာ ျပန္လည္ၿပိဳကြဲသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: nextshark

  • Leave a Comment