တိရစ္ဆာန်မျိုးစုံခြံရံပြီး လမ်းလျှောက်ထွက်လာတဲ့ အမျိုးသမီးရဲ့ဗွီဒီယိုဖိုင် ရေပန်းစားနေ

ကျွန်တော်တို့ လူနေမှုပတ်ဝန်းကျင်မှာ အပြောများနေတဲ့ စကာလေးရှိပါတယ်။ “မေတ္တာဆိုတာ အလျှားအနံ မရှိပေမယ့် အသွားအပြန်တော့ ရှိပါတယ်”ဆိုတာ။ မေတ္တာရဲ့သဘောဟာ အလွန်အံ့သြဖို့ ကောင်းပါတယ်။ ကိုယ့်ကို ဘယ်လောက်ပဲ မုန်းတီးနေပါစေ ကိုယ်ကသာ မေတ္တာစိတ်အပြည့်နဲ့ ဆက်ဆံရင် ရန်သူတွေကလည်း မိတ်ဆွေတွေ ဖြစ်လာတော့တာပါပဲ။ စိတ်ကောင်းနှလုံးကောင်း ထားရှိခြင်းဟာ လူတွေကိုယ်ပါ စည်းရုံးနိုင်တာမျိုးမဟုတ်ဘဲ၊ တိရစ္ဆာန်တွေကိုလည်း စည်းရုံးနိုင်ပါတယ်။

အခုလည်း တူရကီက အမျိုးသမီးကြီးတစ်ယောက်ဟာ လမ်းလျှောက်ထွက်တဲ့အခါတိုင်း၊ ခွေး၊ ကြောင်၊ ငှက် စတဲ့သတ္တဝါတွေက ဘေးကနေ ခြံရံပြီး တကောက်ကောက်လိုက်လာနေတာကို လူတစ်ယောက်က ဗွီဒီယိုမှတ်တမ်း တင်ထားခဲ့တာပါ။ ဒီဗွီဒီယိုဟာ တွစ်တာလူမှုကွန်ရက်မှာ အထူးလူကြည့်များနေပါတယ်။ အခုဆိုရင် ဝင်ရောက်ကြည့်ရှုသူ (၁.၃)သန်းအထိ ရှိနေပါပြီ။

ဗွီဒီယိုကို မှတ်တမ်းတင်ခဲ့သူကတော့ Dilara Ilter ဖြစ်ပါတယ်။ သူမဟာ မိခင်ဖြစ်သူရဲ့နေအိမ်ကို အလည်အပတ်ရောက်နေချိန်မှာ ဒီထူးဆန်းတဲ့အဖြစ်အပျက်ကို မြင်ခဲ့ရာက၊ ဗွီဒီယိုမှတ်တမ်း ရယူခဲ့တာပါ။ လမ်းလျှောက်သွားသူ အမျိုးသမီးကတော့ အသက်(၅၀)ကျော် သို့မဟုတ် အဲဒီဝန်းကျင်လောက် ခန့်မှန်းရပါတယ်။

သူမရဲ့ဘေးမှာရော နောက်ကနေပါ ငှက်တွေ၊ ကြောင်ကလေးတွေ၊ ခွေးလေးတွေဟာ တကောက်ကောက် လိုက်နေတာကို တွေ့ရပါတယ်။ Dilara အနေနဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ လမ်းအတူလျှောက်တဲ့ လူတွေကို မြင်ဖူးနေကျမို့ အထူးတဆန်းမဟုတ်သော်လည်း ဒီအဖြစ်အပျက်က အလွန်ထူးဆန်းနေခဲ့တာပါ။

ဒါဟာ ယခင်က ကလေးတွေကြားမှာ ရေပန်းစားခဲ့တဲ့ Pied Piper of Hamelin ပုံပြင်ကို အမျိုးသမီးဇာတ်ကောင်ဗားရှင်းနဲ့ ပြန်ရိုက်ထားတာနဲ့တောင် တူနေတယ်လို့ Dilara က အရွှန်းဖောက် ပြောခဲ့ပါတယ်။ Dilara ရဲ့မိခင်က လမ်းလျှောက်သူအမျိုးသမီးအကြောင်း တစ်လမ်းတည်းနေသူမို့ ကောင်းကောင်းသိနေပါတယ်။

Dilara ရဲ့မိခင်က အဲဒီတိရစ္ဆာန်လေးတွေဟာ အိမ်ရာမဲ့လေးတွေဖြစ်ကြောင်း၊ သူမဟာ အဲဒီတိရစ္ဆာန်လေးတွေကို အမြဲတမ်း အစာကျွေးတဲ့အတွက် အကုန်လုံးက မှတ်မိနေပြီး၊ သူမ သွားလေရာကို တကောက်ကောက် လိုက်နေတာဖြစ်ကြောင်း အကြောင်းစုံ ရှင်းပြပါတယ်။ ဒါဟာ စောစောကပြောတဲ့ မေတ္တာတရားရဲ့ သတ္တိလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တိရစ္ဆာန်လေးတွေကို အစာကျွေးတိုင်းလည်း ဒီလို ဘေးကနေ ဝန်းရံလိုက်တာမျိုးတော့ ရှိချင်မှ ရှိနိုင်မှာပါ။

credit-Shwemom

Zawgyi

တိရစာၦန္မ်ိဳးစုံၿခံရံၿပီး လမ္းေလွ်ာက္ထြက္လာတဲ့ အမ်ိဳးသမီးရဲ႕ဗြီဒီယုိဖုိင္ ေရပန္းစားေန

ကၽြန္ေတာ္တုိ႔ လူေနမႈပတ္ဝန္းက်င္မွာ အေျပာမ်ားေနတဲ့ စကာေလးရွိပါတယ္။ “ေမတၱာဆုိတာ အလွ်ားအနံ မရွိေပမယ့္ အသြားအျပန္ေတာ့ ရွိပါတယ္”ဆုိတာ။ ေမတၱာရဲ႕သေဘာဟာ အလြန္အံ့ၾသဖုိ႔ ေကာင္းပါတယ္။ ကိုယ့္ကို ဘယ္ေလာက္ပဲ မုန္းတီးေနပါေစ ကိုယ္ကသာ ေမတၱာစိတ္အျပည့္နဲ႔ ဆက္ဆံရင္ ရန္သူေတြကလည္း မိတ္ေဆြေတြ ျဖစ္လာေတာ့တာပါပဲ။ စိတ္ေကာင္းႏွလုံးေကာင္း ထားရွိျခင္းဟာ လူေတြကိုယ္ပါ စည္း႐ုံးႏုိင္တာမ်ိဳးမဟုတ္ဘဲ၊ တိရစာၦန္ေတြကိုလည္း စည္း႐ုံးႏုိင္ပါတယ္။

အခုလည္း တူရကီက အမ်ိဳးသမီးႀကီးတစ္ေယာက္ဟာ လမ္းေလွ်ာက္ထြက္တဲ့အခါတုိင္း၊ ေခြး၊ ေၾကာင္၊ ငွက္ စတဲ့သတၱဝါေတြက ေဘးကေန ၿခံရံၿပီး တေကာက္ေကာက္လုိက္လာေနတာကို လူတစ္ေယာက္က ဗြီဒီယုိမွတ္တမ္း တင္ထားခဲ့တာပါ။ ဒီဗြီဒီယုိဟာ တြစ္တာလူမႈကြန္ရက္မွာ အထူးလူၾကည့္မ်ားေနပါတယ္။ အခုဆုိရင္ ဝင္ေရာက္ၾကည့္႐ႈသူ (၁.၃)သန္းအထိ ရွိေနပါၿပီ။

ဗြီဒီယုိကို မွတ္တမ္းတင္ခဲ့သူကေတာ့ Dilara Ilter ျဖစ္ပါတယ္။ သူမဟာ မိခင္ျဖစ္သူရဲ႕ေနအိမ္ကုိ အလည္အပတ္ေရာက္ေနခ်ိန္မွာ ဒီထူးဆန္းတဲ့အျဖစ္အပ်က္ကုိ ျမင္ခဲ့ရာက၊ ဗြီဒီယိုမွတ္တမ္း ရယူခဲ့တာပါ။ လမ္းေလွ်ာက္သြားသူ အမ်ိဳးသမီးကေတာ့ အသက္(၅၀)ေက်ာ္ သုိ႔မဟုတ္ အဲဒီဝန္းက်င္ေလာက္ ခန္႔မွန္းရပါတယ္။

သူမရဲ႕ေဘးမွာေရာ ေနာက္ကေနပါ ငွက္ေတြ၊ ေၾကာင္ကေလးေတြ၊ ေခြးေလးေတြဟာ တေကာက္ေကာက္ လုိက္ေနတာကို ေတြ႕ရပါတယ္။ Dilara အေနနဲ႔ အိမ္ေမြးတိရစာၦန္ေတြနဲ႔ လမ္းအတူေလွ်ာက္တဲ့ လူေတြကို ျမင္ဖူးေနက်မုိ႔ အထူးတဆန္းမဟုတ္ေသာ္လည္း ဒီအျဖစ္အပ်က္က အလြန္ထူးဆန္းေနခဲ့တာပါ။

ဒါဟာ ယခင္က ကေလးေတြၾကားမွာ ေရပန္းစားခဲ့တဲ့ Pied Piper of Hamelin ပုံျပင္ကုိ အမ်ိဳးသမီးဇာတ္ေကာင္ဗားရွင္းနဲ႔ ျပန္႐ုိက္ထားတာနဲ႔ေတာင္ တူေနတယ္လုိ႔ Dilara က အရႊန္းေဖာက္ ေျပာခဲ့ပါတယ္။ Dilara ရဲ႕မိခင္က လမ္းေလွ်ာက္သူအမ်ိဳးသမီးအေၾကာင္း တစ္လမ္းတည္းေနသူမုိ႔ ေကာင္းေကာင္းသိေနပါတယ္။

Dilara ရဲ႕မိခင္က အဲဒီတိရစာၦန္ေလးေတြဟာ အိမ္ရာမဲ့ေလးေတြျဖစ္ေၾကာင္း၊ သူမဟာ အဲဒီတိရစာၦန္ေလးေတြကို အၿမဲတမ္း အစာေကၽြးတဲ့အတြက္ အကုန္လုံးက မွတ္မိေနၿပီး၊ သူမ သြားေလရာကို တေကာက္ေကာက္ လုိက္ေနတာျဖစ္ေၾကာင္း အေၾကာင္းစုံ ရွင္းျပပါတယ္။ ဒါဟာ ေစာေစာကေျပာတဲ့ ေမတၱာတရားရဲ႕ သတၱိလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ တိရစာၦန္ေလးေတြကို အစာေကၽြးတုိင္းလည္း ဒီလုိ ေဘးကေန ဝန္းရံလုိက္တာမ်ိဳးေတာ့ ရွိခ်င္မွ ရွိႏုိင္မွာပါ။

credit-Shwemom

  • Leave a Comment