မှိုရောဂါဆွဲကပ်နေတာကို ဆေးလိမ်းကုသပေးလိုက်ရာမှ တစ်ကိုယ်လုံးအဝါရောင် ပြောင်းသွားခဲ့တဲ့ကြောင်လေး

ထိုင်းနိုင်းငံမှာနေထိုင်ပြီး ကြောင်တွေကိုချစ်မြတ်နိုးသူတစ်ဦးဖြစ်တဲ့ Thammapa Supamas ဟာ သူ့ကြောင်လေးရဲ့မှိုရောဂါကို ပျောက်ကင်းစေချင်တာကြောင့် နနွင်းကိုအသုံးပြုပြီး ကြောင်လေးရဲ့ကိုယ်တစ်ခုလုံးကို လိမ်းချယ်လိုက်ရာကနေ မတော်တဆ ကြောင်လေးရဲ့‌အရောင်ဟာ အဝါရောင်ကိုပြောင်းလဲသွားခဲ့တယ်လို့ သူ့မရဲ့ဖေ့ဘွတ်ပို့စ်အရ သိရပါတယ်။ပုံမှာတွေ့ရတဲ့အတိုင်း ကြောင်လေးရဲ့မူလအရောင်ကတော့ အဖြူရောင်ဖြစ်ပါတယ်။

ဒါပေမယ့် ပိုင်ရှင်က သူ့ရဲ့ခြေထောက်နားမှာ မှိုရောဂါတစ်ခုဖြစ်နေတာကိုတွေ့ရှိခဲ့တာကြောင့် အာရှဒေသတွေမှာ ချက်ပြုတ်စားသောက်နေတဲ့ အိန္ဒိယဟင်းခတ်အမွေးအကြိုင်တစ်မျိုးဖြစ်တဲ့နနွင်းနဲ့ သူ့ရဲ့ခြေထောက်မှာ သေချာဂရုစိုက်ပြီး ထည့်ပေးလိုက်ပါတယ်။ ဒါပေမယ့် သူမဟာ ရောဂါပျံ့နှံ့မှု ထပ်ဖြစ်မှာဆိုးရိမ်တာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကြောင်လေးရဲ့ကျန်ရှိနေတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ထိုအရောင်ပါတဲ့နနွင်းမှုန့်တွေကို ဆက်ပြီးတော့လိမ်းထားလိုက်ပါတယ်။

ထိုနနွင်းမှုန့်တွေနဲ့ စမ်းသပ်လိမ်းချယ်ခဲ့ပြီး အချိန်အနည်းငယ်အကြာမှာတော့ ပိုင်ရှင်ဖြစ်သူက သူမကြောင်လေးကို ရေချိုးပေးခဲ့ပေမယ့်လည်း အရောင်တွေဟာ ပျောက်မသွားဘဲ ကျန်နေခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ Thammapa ဟာ သူမ လုပ်လိုက်မိတဲ့အလွဲကြောင့် အရောင်ပြောင်းလဲသွားတဲ့ သူမကြောင်လေးရဲ့ဓာတ်ပုံကို မူလဓာတ်ပုံနဲ့ယှဉ်ကာ ဖေ့ဘွတ်ပေါ်မျှဝေလိုက်တဲ့အခါမှာတော့ သူမရဲ့ပိုစ့်လေးဟာ ကမ္ဘာတစ်လွှားမှာရှိတဲ့ လူထောင်များစွာရဲ့Like,Share,Comment များစွာကို ရရှိခဲ့ပါတယ်။

သူမရဲ့ပိုစ့်ထဲက comment အချို့ဟာဆိုရင် သူရဲ့ကြောင်လေးကို နာမည်ကြီးပိုကီမွန်ဇာတ်ကောင်ဖြစ်တဲ့ Pikachu နှိုင်းယှဉ်ပြောဆိုထားသလို အချို့တွေကလည်း photoshop နဲ့ပြုလုပ်ကာ ရယ်စရာဓာတ်ပုံတွေကို လာမန့်ကြတာကိုတွေ့ရပါတယ်။ဒီဖြစ်ရပ်အတွက် ကြောင်လေးကိုတော့ မည်သူကမှစိုးရိမ်ကြခြင်း မရှိကြပါဘူး။

ဘာကြောင့်လဲဆိုတော့ ကြောင်တွေဟာ နနွင်းကိုစားသုံးနိုင်ပြီး ကျန်းမာရေးအတွက်ကိုလည်း အများကြီးအထောက်အကူဖြစ်စေတာကြောင့် ဖြစ်ပါတယ်။ကြောင်တွေကိုတော့ နနွင်းစားသုံးတာကို တစ်နေ့(၈)ဂရမ်လောက်ထိ ခွင့်ပြုထားပြီး ထို့ထက်ပိုပြီးစားသုံးမိပါက ဝမ်းဗိုက်ပူလာတာတွေ၊ ပျို့အန်တာတွေနဲ့ ဝမ်းပျက်ဝမ်းလျှော်တာတွေ စတဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။

ဒါပေမယ့် နနွင်းဟာ ကြောင်တွေအတွက် ကင်ဆာကိုတိုက်ဖျက်ရာမှာ အလွန်အကျိုးပြုသလို၊ အဆစ်အမြစ်ရောင်တာတွေ၊ နှလုံးသွေးကြောဆိုင်ရာရောဂါနဲ့ အစာချေဖျက်ရာမှာလည်း များစွာအထောက်အကူပြုပါတယ်။

Writer-SHL

credit – beesportnews

Zawgyi

မႈိေရာဂါဆြဲကပ္ေနတာကို ေဆးလိမ္းကုသေပးလိုက္ရာမွ တစ္ကိုယ္လုံးအဝါေရာင္ ေျပာင္းသြားခဲ့တဲ့ေၾကာင္ေလး

ထိုင္းႏိုင္းငံမွာေနထိုင္ၿပီး ေၾကာင္ေတြကိုခ်စ္ျမတ္ႏိုးသူတစ္ဦးျဖစ္တဲ့ Thammapa Supamas ဟာ သူ႔ေၾကာင္ေလးရဲ႕မႈိေရာဂါကို ေပ်ာက္ကင္းေစခ်င္တာေၾကာင့္ နႏြင္းကိုအသုံးျပဳၿပီး ေၾကာင္ေလးရဲ႕ကိုယ္တစ္ခုလုံးကို လိမ္းခ်ယ္လိုက္ရာကေန မေတာ္တဆ ေၾကာင္ေလးရဲ႕‌အေရာင္ဟာ အဝါေရာင္ကိုေျပာင္းလဲသြားခဲ့တယ္လို႔ သူ႔မရဲ႕ေဖ့ဘြတ္ပို႔စ္အရ သိရပါတယ္။ပုံမွာေတြ႕ရတဲ့အတိုင္း ေၾကာင္ေလးရဲ႕မူလအေရာင္ကေတာ့ အျဖဴေရာင္ျဖစ္ပါတယ္။

ဒါေပမယ့္ ပိုင္ရွင္က သူ႔ရဲ႕ေျခေထာက္နားမွာ မႈိေရာဂါတစ္ခုျဖစ္ေနတာကိုေတြ႕ရွိခဲ့တာေၾကာင့္ အာရွေဒသေတြမွာ ခ်က္ျပဳတ္စားေသာက္ေနတဲ့ အိႏၵိယဟင္းခတ္အေမြးအႀကိဳင္တစ္မ်ိဳးျဖစ္တဲ့နႏြင္းနဲ႔ သူ႔ရဲ႕ေျခေထာက္မွာ ေသခ်ာဂ႐ုစိုက္ၿပီး ထည့္ေပးလိုက္ပါတယ္။ ဒါေပမယ့္ သူမဟာ ေရာဂါပ်ံ႕ႏွံ႔မႈ ထပ္ျဖစ္မွာဆိုးရိမ္တာေၾကာင့္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ေၾကာင္ေလးရဲ႕က်န္ရွိေနတဲ့ခႏၶာကိုယ္အစိတ္အပိုင္းေတြကိုလည္း ထိုအေရာင္ပါတဲ့နႏြင္းမႈန႔္ေတြကို ဆက္ၿပီးေတာ့လိမ္းထားလိုက္ပါတယ္။

ထိုနႏြင္းမႈန္႔ေတြနဲ႔ စမ္းသပ္လိမ္းခ်ယ္ခဲ့ၿပီး အခ်ိန္အနည္းငယ္အၾကာမွာေတာ့ ပိုင္ရွင္ျဖစ္သူက သူမေၾကာင္ေလးကို ေရခ်ိဳးေပးခဲ့ေပမယ့္လည္း အေရာင္ေတြဟာ ေပ်ာက္မသြားဘဲ က်န္ေနခဲ့ပါေတာ့တယ္။အဲဒီေနာက္မွာေတာ့ Thammapa ဟာ သူမ လုပ္လိုက္မိတဲ့အလြဲေၾကာင့္ အေရာင္ေျပာင္းလဲသြားတဲ့ သူမေၾကာင္ေလးရဲ႕ဓာတ္ပုံကို မူလဓာတ္ပုံနဲ႔ယွဥ္ကာ ေဖ့ဘြတ္ေပၚမွ်ေဝလိုက္တဲ့အခါမွာေတာ့ သူမရဲ႕ပိုစ့္ေလးဟာ ကမာၻတစ္လႊားမွာရွိတဲ့ လူေထာင္မ်ားစြာရဲ႕Like,Share,Comment မ်ားစြာကို ရရွိခဲ့ပါတယ္။

သူမရဲ႕ပိုစ့္ထဲက comment အခ်ိဳ႕ဟာဆိုရင္ သူရဲ႕ေၾကာင္ေလးကို နာမည္ႀကီးပိုကီမြန္ဇာတ္ေကာင္ျဖစ္တဲ့ Pikachu ႏႈိင္းယွဥ္ေျပာဆိုထားသလို အခ်ိဳ႕ေတြကလည္း photoshop နဲ႔ျပဳလုပ္ကာ ရယ္စရာဓာတ္ပုံေတြကို လာမန႔္ၾကတာကိုေတြ႕ရပါတယ္။ဒီျဖစ္ရပ္အတြက္ ေၾကာင္ေလးကိုေတာ့ မည္သူကမွစိုးရိမ္ၾကျခင္း မရွိၾကပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ ေၾကာင္ေတြဟာ နႏြင္းကိုစားသုံးႏိုင္ၿပီး က်န္းမာေရးအတြက္ကိုလည္း အမ်ားႀကီးအေထာက္အကူျဖစ္ေစတာေၾကာင့္ ျဖစ္ပါတယ္။ေၾကာင္ေတြကိုေတာ့ နႏြင္းစားသုံးတာကို တစ္ေန႔(၈)ဂရမ္ေလာက္ထိ ခြင့္ျပဳထားၿပီး ထို႔ထက္ပိုၿပီးစားသုံးမိပါက ဝမ္းဗိုက္ပူလာတာေတြ၊ ပ်ိဳ႕အန္တာေတြနဲ႔ ဝမ္းပ်က္ဝမ္းေလွ်ာ္တာေတြ စတဲ့ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္လာေစႏိုင္ပါတယ္။

ဒါေပမယ့္ နႏြင္းဟာ ေၾကာင္ေတြအတြက္ ကင္ဆာကိုတိုက္ဖ်က္ရာမွာ အလြန္အက်ိဳးျပဳသလို၊ အဆစ္အျမစ္ေရာင္တာေတြ၊ ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါနဲ႔ အစာေခ်ဖ်က္ရာမွာလည္း မ်ားစြာအေထာက္အကူျပဳပါတယ္။

Writer-SHL

credit – beesportnews

  • Leave a Comment