အွန်လိုင်းပေါ်က သင်ခန်းစာတွေ နားမလည်လို့ ငိုနေရရှာတဲ့ (၅)နှစ်သားလေးရဲ့ အဖြစ်

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါကြောင့်ကျောင်းတွေတော်တော်များများ ပိတ်ထားရပြီး ကလေးတွေခမျာမှာလည်း ကျောင်းမသွားရပဲ အိမ်မှာပဲနေနေရရှာပါတယ်။ ဒီရောဂါကြီးဟာ ဘယ်အချိန်မှ ပြီးမယ်ဆိုတာ မသိသေးတာကြောင့် ကျောင်းတော်တော်များများဟာ Digital Learning စနစ်အသစ်ကို အကောင်အထည်ဖော်ခဲ့ပြီး ကလေးတွေကို အိမ်မှာနေစေပြီး Online ကနေပဲ စာသင်ပေးခဲ့ကြပါတယ်။ အခုလည်း အသက် (၅) နှစ်အရွယ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ ဒီလိုမျိုး Online ပေါ်ကသင်တဲ့ သင်ခန်းစာတွေကို နားမလည်တာကြောင့် Laptop အရှေ့မှာထိုင်ပြီး ငိုနေတဲ့ပုံကို သူ့ရဲ့ မိခင်ဖြစ်သူက ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါကောင်လေးကတော့ အမေရိကန်နိုင်ငံ၊ Georgia ပြည်နယ်ရှိ Coweta County မြို့မှာ နေထိုင်တဲ့ အသက် ၅ နှစ်အရွယ်ရှိ ကောင်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲဒီကောင်လေးရဲ့ မိင်ဖြစ်သူကတော့ Jana Coombs လို့ အမည်ရတဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။ Jana ဟာ သူမရဲ့ သားဖြစ်သူတစ်ရက်မှာ စာလုပ်နေရင်း ငိုနေတဲ့ အသံကို ကြားခဲ့ရပါတယ်။ ဒါ့ကြောင့် Jana ဟာ သူမရဲ့ အခန်းထဲကနေ ထွက်လာပြီး သူ့သားစာထိုင်လုပ်နေတဲ့ မီးဖိုချောင်ထဲကို လှမ်းကြည့်လိုက်တဲ့အချိန်မှာတော့ မြင်ရတဲ့ မြင်ကွင်းကြောင့် Jana ခမျာတော်တော်လေး စိတ်ထိခိုက်ခဲ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ Jana ရဲ့ သားဖြစ်သူဟာ သူရဲ့ Laptop အရှေ့မှာထိုင်ပြီး စာလုပ်ရင်းနဲ့ ငိုနေလို့ပါပဲ။ သူ့ရဲ့အင်္ကျီလေးနဲ့ ကျလာတဲ့ မျက်ရည်တွေကို သုတ်ပြီး တစ်ယောက်တည်း ငိုနေရှာခဲ့ပါတယ်။ ဒါ့ကြောင့် Jana ဟာ သူ့ရဲ့သားပုံလေးကို ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်မှာလည်း Jana ရဲ့ သားဖြစ်သူဟာ သူ့အမေကို Online ကနေ စာသင်ရတာဟာ ကျောင်းမှာ သင်ရတာထက် တော်တော်လေးကို ခက်ခဲကြောင်း၊ များသောအားဖြင့် Online ကနေ သင်တဲ့စာတွေကို နားလည်ဖို့ တော်တော်ခက်ကြောင်း Jana ကို ပြောပြဖူးပါသေးတယ်။

ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ ကလေးတွေစိတ်ထဲမှာ စာတွေနားမလည်လို့ အနည်းနဲ့ အများ စိတ်တွေညစ်လာပြီး မမြင်ရတဲ့ စိတ်ဒဏ်ရာတွေ ရလာမှာပါပဲ။ သူတို့အရွယ်လေးတွေဟာ စိတ်ဒဏ်ရာရသင့်တဲ့ အရွယ်တွေမဟုတ်ပါဘူး။ ပြီးတော့ ကျွန်မသားရဲ့ ပုံစံက ပျော်ပျော်နေတတ်တဲ့ ကလေးတစ်ယောက်ရဲ့ပုံစံပါပဲ။ ဒါပေမယ့် သူ့ရဲ့ ဒီလိုမျိုးပုံစံကို မြင်ရတာ ကျွန်မအနေနဲ့ တော်တော်လေး စိတ်ထိခိုက်ရပါတယ်” လို့ Jana က ပြောကြားခဲ့ပါတယ်။

credit – shwemom

Zawgyi

အြန္လိုင္းေပၚက သင္ခန္းစာေတြ နားမလည္လို႔ ငိုေနရရွာတဲ့ (၅)ႏွစ္သားေလးရဲ႕ အျဖစ္

လက္ရွိအခ်ိန္ဟာ COVID 19 ကပ္ေရာဂါေၾကာင့္ေက်ာင္းေတြေတာ္ေတာ္မ်ားမ်ား ပိတ္ထားရျပီး ကေလးေတြခမ်ာမွာလည္း ေက်ာင္းမသြားရပဲ အိမ္မွာပဲေနေနရရွာပါတယ္။ ဒီေရာဂါၾကီးဟာ ဘယ္အခ်ိန္မွ ျပီးမယ္ဆိုတာ မသိေသးတာေၾကာင့္ ေက်ာင္းေတာ္ေတာ္မ်ားမ်ားဟာ Digital Learning စနစ္အသစ္ကို အေကာင္အထည္ေဖာ္ခဲ့ျပီး ကေလးေတြကို အိမ္မွာေနေစျပီး Online ကေနပဲ စာသင္ေပးခဲ့ၾကပါတယ္။ အခုလည္း အသက္ (၅) ႏွစ္အရြယ္သာရွိေသးတဲ့ ေကာင္ေလးတစ္ေယာက္ဟာ ဒီလိုမ်ိဳး Online ေပၚကသင္တဲ့ သင္ခန္းစာေတြကို နားမလည္တာေၾကာင့္ Laptop အေရွ႕မွာထိုင္ျပီး ငိုေနတဲ့ပံုကို သူ႔ရဲ႕ မိခင္ျဖစ္သူက ဓာတ္ပံုရိုက္ျပီး ဆိုရွယ္မီဒီယာေပၚတင္ခဲ့ေၾကာင္း CNN သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

အဆိုပါေကာင္ေလးကေတာ့ အေမရိကန္ႏိုင္ငံ၊ Georgia ျပည္နယ္ရွိ Coweta County ျမိဳ႕မွာ ေနထိုင္တဲ့ အသက္ ၅ ႏွစ္အရြယ္ရွိ ေကာင္ေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္။ အဲဒီေကာင္ေလးရဲ႕ မိင္ျဖစ္သူကေတာ့ Jana Coombs လို႔ အမည္ရတဲ့ အမ်ိဳးသမီးပဲ ျဖစ္ပါတယ္။ Jana ဟာ သူမရဲ႕ သားျဖစ္သူတစ္ရက္မွာ စာလုပ္ေနရင္း ငိုေနတဲ့ အသံကို ၾကားခဲ့ရပါတယ္။ ဒါ့ေၾကာင့္ Jana ဟာ သူမရဲ႕ အခန္းထဲကေန ထြက္လာျပီး သူ႔သားစာထိုင္လုပ္ေနတဲ့ မီးဖိုေခ်ာင္ထဲကို လွမ္းၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ ျမင္ရတဲ့ ျမင္ကြင္းေၾကာင့္ Jana ခမ်ာေတာ္ေတာ္ေလး စိတ္ထိခိုက္ခဲ့ရပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ Jana ရဲ႕ သားျဖစ္သူဟာ သူရဲ႕ Laptop အေရွ႕မွာထိုင္ျပီး စာလုပ္ရင္းနဲ႔ ငိုေနလို႔ပါပဲ။ သူ႕ရဲ႕အကၤ်ီေလးနဲ႔ က်လာတဲ့ မ်က္ရည္ေတြကို သုတ္ျပီး တစ္ေယာက္တည္း ငိုေနရွာခဲ့ပါတယ္။ ဒါ့ေၾကာင့္ Jana ဟာ သူ႔ရဲ႕သားပံုေလးကို ဓာတ္ပံုရိုက္ျပီး ဆိုရွယ္မီဒီယာေပၚ တင္ခဲ့ပါတယ္။ အဲဒီမတိုင္ခင္မွာလည္း Jana ရဲ႕ သားျဖစ္သူဟာ သူ႔အေမကို Online ကေန စာသင္ရတာဟာ ေက်ာင္းမွာ သင္ရတာထက္ ေတာ္ေတာ္ေလးကို ခက္ခဲေၾကာင္း၊ မ်ားေသာအားျဖင့္ Online ကေန သင္တဲ့စာေတြကို နားလည္ဖို႔ ေတာ္ေတာ္ခက္ေၾကာင္း Jana ကို ေျပာျပဖူးပါေသးတယ္။

ဒီအတိုင္းဆက္သြားမယ္ဆိုရင္ေတာ့ ကေလးေတြစိတ္ထဲမွာ စာေတြနားမလည္လို႔ အနည္းနဲ႔ အမ်ား စိတ္ေတြညစ္လာျပီး မျမင္ရတဲ့ စိတ္ဒဏ္ရာေတြ ရလာမွာပါပဲ။ သူတို႔အရြယ္ေလးေတြဟာ စိတ္ဒဏ္ရာရသင့္တဲ့ အရြယ္ေတြမဟုတ္ပါဘူး။ ျပီးေတာ့ ကၽြန္မသားရဲ႕ ပံုစံက ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ကေလးတစ္ေယာက္ရဲ႕ပံုစံပါပဲ။ ဒါေပမယ့္ သူ႔ရဲ႕ ဒီလိုမ်ိဳးပံုစံကို ျမင္ရတာ ကၽြန္မအေနနဲ႔ ေတာ္ေတာ္ေလး စိတ္ထိခိုက္ရပါတယ္” လို႔ Jana က ေျပာၾကားခဲ့ပါတယ္။

credit – shwemom

  • Leave a Comment