ကိုယ်အလေးချိန်တက်လာတဲ့ဝန်ထမ်းတွေကို ညစာမပေးစားတဲ့အပြင် ဒဏ်ကြေးငွေပါ ဆောင်ခိုင်းတဲ့ Fashionဆိုင်ကြီး

စင်ကာပူနိုင်ငံမှာရှိတဲ့ Southhaven အမည်ရှိတဲ့ fashion စတိုးဆိုင်ဟာ ကိုယ်အလေးချိန်တက်လာတဲ့ဝန်ထမ်းတွေကို ပြင်းထန်စွာအပြစ်ပေးတယ်ဆိုပြီး ဝေဖန်ပြစ်တင်ခံနေရပါတယ် ။ အဆိုပါကုမ္ပဏီမှာ အလုပ်ဝင်ခဲ့တဲ့ ဝန်ထမ်းတစ်ဦးက အပြစ်ပေးတဲ့ပုံစံတွေကို online ပေါ်မှာဝေမျှခဲ့တာပါ ။ အရောင်း target မပြည့်မီတိုင်း ဖားခုန် ခုန်ခိုင်းခဲ့တဲ့အပြင် ၊ ကိုယ်အလေးချိန်တက်လာတိုင်း ညစာ စားသောက်ခွင့်ပိတ်ပင်ခံရကြောင်း သိရှိရပါတယ် ။ ဒါတင်မကသေးပါဘူး အသက် 20-27 ဝန်းကျင်မှာရှိတဲ့ မိန်းကလေးတိုင်း ” fat Club” လို့ခေါ်တဲ့ group chat တစ်ခုမှာ ကိုယ်အလေးချိန်တိုင်းတာမှုကို အမြဲတင်ပြရပါသေးတယ် ။ ကိုယ်အလေးချိန်တက်လာပါက ဒဏ်ကြေးငွေပေးဆောင်ရပြီး ၊ စတိုးဆိုင်အစား ဂိုဒေါင်မှာအလုပ်ဆင်းရကြောင်း သိရှိရပါတယ် ။

ထို့အပြင် ဝန်ထမ်းအကြီးပိုင်းတွေကို ကိုယ်ပိုင်ငွေနဲ့လတိုင်း ကျွေးမွေးဧည့်ခံရကြောင်း ၊ တစ်နေ့ကို 12 နာရီခန့်အလုပ်ဆင်းရပြီး စားသောက်ချိန် 10-20 မိနစ်ခန့်သာ ရကြောင်းသိရှိရပါတယ် ။

သို့ပေမဲ့လည်း Southhaven ကုမ္ပဏီမှတာဝန်ရှိသူရဲ့ပြောကြားချက်အရ အဆိုပါအပြစ်ပေးမှုတွေကို ဝန်ထမ်းတွေကိုယ်တိုင်က အစပိုင်းကတည်းက သတ်မှတ်ထာခဲ့ကြတာဖြစ်ကြောင်း ၊ အထက်ကညွန်ကြားတာမျိုးမဟုတ်ကြောင်း ၊ ဖားခုန်ပြီးအပြစ်ပေးတာကလည်း ကုမ္ပဏီဖက်က စည်းကမ်းချမှတ်ထားတာမဟုတ်ဘဲ Sale Target မပြည့်မီတဲ့ဝန်ထမ်းတွေက သူတို့ကိုယ်သူတို့စိတ်အားထက်သန်အောင် ပြုလုပ်ခြင်းကနေစခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ဝန်ထမ်းအချင်းချင်းအစားအသောက်ကျွေးမွေးဧည့်ခံရတဲ့အဖြစ်ကိုတော့ ကုမ္ပဏီ ဖက်မှလုံးဝငြင်းဆိုထားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Zawgyi

ကိုယ္အေလးခ်ိန္တက္လာတဲ့ဝန္ထမ္းေတြကို ညစာမေပးစားတဲ့အျပင္ ဒဏ္ေၾကးေငြပါ ေဆာင္ခိုင္းတဲ့ Fashionဆိုင္ႀကီး

စင္ကာပူႏိုင္ငံမွာ႐ွိတဲ့ Southhaven အမည္႐ွိတဲ့ fashion စတိုးဆိုင္ဟာ ကိုယ္အေလးခ်ိန္တက္လာတဲ့ဝန္ထမ္းေတြကို ျပင္းထန္စြာအျပစ္ေပးတယ္ဆိုၿပီး ေဝဖန္ျပစ္တင္ခံေနရပါတယ္ ။ အဆိုပါကုမၸဏီမွာ အလုပ္ဝင္ခဲ့တဲ့ ဝန္ထမ္းတစ္ဦးက အျပစ္ေပးတဲ့ပံုစံေတြကို online ေပၚမွာေဝမ်ွခဲ့တာပါ ။ အေရာင္း target မျပည့္မီတိုင္း ဖားခုန္ ခုန္ခိုင္းခဲ့တဲ့အျပင္ ၊ ကိုယ္အေလးခ်ိန္တက္လာတိုင္း ညစာ စားေသာက္ခြင့္ပိတ္ပင္ခံရေၾကာင္း သိ႐ွိရပါတယ္ ။ ဒါတင္မကေသးပါဘူး အသက္ 20-27 ဝန္းက်င္မွာ႐ွိတဲ့ မိန္းကေလးတိုင္း ” fat Club” လို႔ေခၚတဲ့ group chat တစ္ခုမွာ ကိုယ္အေလးခ်ိန္တိုင္းတာမႈကို အျမဲတင္ျပရပါေသးတယ္ ။ ကိုယ္အေလးခ်ိန္တက္လာပါက ဒဏ္ေၾကးေငြေပးေဆာင္ရၿပီး ၊ စတိုးဆိုင္အစား ဂိုေဒါင္မွာအလုပ္ဆင္းရေၾကာင္း သိ႐ွိရပါတယ္ ။

ထို႔အျပင္ ဝန္ထမ္းအႀကီးပိုင္းေတြကို ကိုယ္ပိုင္ေငြနဲ႔လတိုင္း ေကြၽးေမြးဧည့္ခံရေၾကာင္း ၊ တစ္ေန႔ကို 12 နာရီခန္႔အလုပ္ဆင္းရၿပီး စားေသာက္ခ်ိန္ 10-20 မိနစ္ခန္႔သာ ရေၾကာင္းသိ႐ွိရပါတယ္ ။

သို႔ေပမဲ့လည္း Southhaven ကုမၸဏီမွတာဝန္႐ွိသူရဲ႕ေျပာၾကားခ်က္အရ အဆိုပါအျပစ္ေပးမႈေတြကို ဝန္ထမ္းေတြကိုယ္တိုင္က အစပိုင္းကတည္းက သတ္မွတ္ထာခဲ့ၾကတာျဖစ္ေၾကာင္း ၊ အထက္ကၫြန္ၾကားတာမ်ိဳးမဟုတ္ေၾကာင္း ၊ ဖားခုန္ၿပီးအျပစ္ေပးတာကလည္း ကုမၸဏီဖက္က စည္းကမ္းခ်မွတ္ထားတာမဟုတ္ဘဲ Sale Target မျပည့္မီတဲ့ဝန္ထမ္းေတြက သူတို႔ကိုယ္သူတို႔စိတ္အားထက္သန္ေအာင္ ျပဳလုပ္ျခင္းကေနစခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ဝန္ထမ္းအခ်င္းခ်င္းအစားအေသာက္ေကြၽးေမြးဧည့္ခံရတဲ့အျဖစ္ကိုေတာ့ ကုမၸဏီ ဖက္မွလံုးဝျငင္းဆိုထားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

  • Leave a Comment