နေမကောင်းချင်ဘူးဆိုပြီး ချစ်သူကိုချွဲမိလို့ မာစီးဒီးကားကြီးရသွားတဲ့ ကောင်မလေး

ခင်ဗျားတို့သာ ကိုယ့်ဇနီးက “နေလို့ထိုင်လို့မကောင်းချင်ဘူး” လို့ ငြီးခဲ့မယ်ဆိုရင် ဘာလုပ်မှာလဲ။ ဒီအမျိုးသားကတော့ ဇနီးသည်နေမကောင်းဘူးလို့ ငြီးလိုက်တာနဲ့ အံ့သြသွားစေမယ့်လက်ဆောင်ကြီးတစ်ခုကို ပေးခဲ့ပါတယ်တဲ့လေ။

ဒီအကြောင်းကို ဇနီးသည်ကိုယ်တိုင် သူမရဲ့ Twitter မှာ သြဂုတ်လ ၂၃ ရက်နေ့တုန်းက တင်လာခဲ့တာပါ။ သူမနာမည်ကတော့ Jennifer ဖြစ်ပါတယ်။

အဲဒီနေ့က တင်ခဲ့တဲ့ post မှာတော့ Jennifer ဟာ သူမရဲ့ ခင်ပွန်းနဲ့အတူတူ ကားသစ်ကြီးတစ်စီးရှေ့မှာ ရိုက်ထားတဲ့ဓာတ်ပုံလေးကို တွဲတင်ထားခဲ့ပါတယ်။ နောက် caption ကတော့ “I wasn’t feelin well and my husband went out and got me a Benz. YALL” ဆိုပြီး ရေးထားပါတယ်။ Jennifer ဟာ ခင်ပွန်းသည်နဲ့ရတဲ့ ကိုယ်ဝန်ကြီးလွယ်ထားရပါတယ်။ ကိုယ်ဝန်သည်တို့ရဲ့ ထုံးစံအတိုင်း ကိုယ်လက်မအီမသာဖြစ်ပြီး နေထိုင်လို့မကောင်းတဲ့ ဝေဒနာကို Jennifer တစ်ယောက် ခံစားနေရပုံပါပဲ။

ဒီအကြောင်း ခင်ပွန်းသည်ကို ငြီးပြမိတဲ့အခါမှာတော့ ခင်ပွန်းသည်ဟာ မပြောမဆိုနဲ့ မဆီမဆိုင် ဇနီးသည်ကို surprise လုပ်ခဲ့ပါတယ်။ အဲဒါကတော့ မာစီးဒီကားသစ်ကြီးတစ်စီးနဲ့ ဇနီးသည်ကို surprise လုပ်ခဲ့တာပါတဲ့။ ပုံမှန်ဆိုရင်တော့ ဒီလိုငြီးလာတဲ့ ဇနီးသည်ကို ဆေးတိုက်တာတို့၊ နွေးနွေးထွေးထွေးဂရုစိုက်ပေးတာမျိုးပဲ လုပ်တတ်ကြပေမယ့် Jennifer ရဲ့ ခင်ပွန်းကတော့ ကားကြီးဝယ်ပေးခဲ့တာဆိုတော့ ဆန်းဆန်းပြားပြားလေးဖြစ်နေတာပေါ့နော်။ ဒါပေမဲ့ သူ့စိတ်ကူးလေးကတော့ ကိုယ်ဝန်ဆေင်ကာလမှာ ခက်ခဲပင်ပမ်းနေတဲ့ ဇနီးသည်ဟာ ဒီထက်မက ထိုက်တန်တဲ့လက်ဆောင်နဲ့တောင် ထိုက်တန်ပါတယ်တဲ့လေ။

ဒီ post ကိုမြင်တဲ့လူတွေကတော့ Jennifer တို့စုံတွဲကို အမြင်နှစ်မျိုးစီ ကွဲလွဲလျက်ရှိနေပါတယ်။ တစ်ခုကတော့ အတော်ကံကောင်းတဲ့ အမျိုးသမီးပဲဆိုပြီး ခင်ပွန်းသည်ရဲ့ဂရုတစိုက်ချစ်ခြင်းမေတ္တာတွေကို ချီးကျူးနေတာပါ။ နောက်တစ်မျိုးကတော့ သိတဲ့အတိုင်း ဘုဘောက်ထိုင်ပြောနေကြတာပါပဲ။ နေမကောင်းဘူးပြောတာနဲ့တင် ဘာဆိုင်လို့ကားကြီးဝယ်ပေးရတာလဲ၊ ပိုက်ဆံက အရာရာပါပဲဆိုပြီးတော့ ဝေဖန်နေခဲ့ကြတာပါ။

credit – shwemom

zawgyi

ေနမေကာင္းခ်င္ဘူးဆိုၿပီး ခ်စ္သူကိုခြၽဲမိလို႔ မာစီးဒီးကားႀကီးရသြားတဲ့ ေကာင္မေလး

ခင္ဗ်ားတို႔သာ ကိုယ့္ဇနီးက “ေနလို႔ထိုင္လို႔မေကာင္းခ်င္ဘူး” လို႔ ၿငီးခဲ့မယ္ဆိုရင္ ဘာလုပ္မွာလဲ။ ဒီအမ်ိဳးသားကေတာ့ ဇနီးသည္ေနမေကာင္းဘူးလို႔ ၿငီးလိုက္တာနဲ႔ အံ့ၾသသြားေစမယ့္လက္ေဆာင္ႀကီးတစ္ခုကို ေပးခဲ့ပါတယ္တဲ့ေလ။

ဒီအေၾကာင္းကို ဇနီးသည္ကိုယ္တိုင္ သူမရဲ႕ Twitter မွာ ၾသဂုတ္လ ၂၃ ရက္ေန႔တုန္းက တင္လာခဲ့တာပါ။ သူမနာမည္ကေတာ့ Jennifer ျဖစ္ပါတယ္။

အဲဒီေန႔က တင္ခဲ့တဲ့ post မွာေတာ့ Jennifer ဟာ သူမရဲ႕ ခင္ပြန္းနဲ႔အတူတူ ကားသစ္ႀကီးတစ္စီးေရွ႕မွာ ႐ိုက္ထားတဲ့ဓာတ္ပုံေလးကို တြဲတင္ထားခဲ့ပါတယ္။ ေနာက္ caption ကေတာ့ “I wasn’t feelin well and my husband went out and got me a Benz. YALL” ဆိုၿပီး ေရးထားပါတယ္။ Jennifer ဟာ ခင္ပြန္းသည္နဲ႔ရတဲ့ ကိုယ္ဝန္ႀကီးလြယ္ထားရပါတယ္။ ကိုယ္ဝန္သည္တို႔ရဲ႕ ထုံးစံအတိုင္း ကိုယ္လက္မအီမသာျဖစ္ၿပီး ေနထိုင္လို႔မေကာင္းတဲ့ ေဝဒနာကို Jennifer တစ္ေယာက္ ခံစားေနရပုံပါပဲ။

ဒီအေၾကာင္း ခင္ပြန္းသည္ကို ၿငီးျပမိတဲ့အခါမွာေတာ့ ခင္ပြန္းသည္ဟာ မေျပာမဆိုနဲ႔ မဆီမဆိုင္ ဇနီးသည္ကို surprise လုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ မာစီးဒီကားသစ္ႀကီးတစ္စီးနဲ႔ ဇနီးသည္ကို surprise လုပ္ခဲ့တာပါတဲ့။ ပုံမွန္ဆိုရင္ေတာ့ ဒီလိုၿငီးလာတဲ့ ဇနီးသည္ကို ေဆးတိုက္တာတို႔၊ ေႏြးေႏြးေထြးေထြးဂ႐ုစိုက္ေပးတာမ်ိဳးပဲ လုပ္တတ္ၾကေပမယ့္ Jennifer ရဲ႕ ခင္ပြန္းကေတာ့ ကားႀကီးဝယ္ေပးခဲ့တာဆိုေတာ့ ဆန္းဆန္းျပားျပားေလးျဖစ္ေနတာေပါ့ေနာ္။ ဒါေပမဲ့ သူ႔စိတ္ကူးေလးကေတာ့ ကိုယ္ဝန္ေဆင္ကာလမွာ ခက္ခဲပင္ပမ္းေနတဲ့ ဇနီးသည္ဟာ ဒီထက္မက ထိုက္တန္တဲ့လက္ေဆာင္နဲ႔ေတာင္ ထိုက္တန္ပါတယ္တဲ့ေလ။

ဒီ post ကိုျမင္တဲ့လူေတြကေတာ့ Jennifer တို႔စုံတြဲကို အျမင္ႏွစ္မ်ိဳးစီ ကြဲလြဲလ်က္ရွိေနပါတယ္။ တစ္ခုကေတာ့ အေတာ္ကံေကာင္းတဲ့ အမ်ိဳးသမီးပဲဆိုၿပီး ခင္ပြန္းသည္ရဲ႕ဂ႐ုတစိုက္ခ်စ္ျခင္းေမတၱာေတြကို ခ်ီးက်ဴးေနတာပါ။ ေနာက္တစ္မ်ိဳးကေတာ့ သိတဲ့အတိုင္း ဘုေဘာက္ထိုင္ေျပာေနၾကတာပါပဲ။ ေနမေကာင္းဘူးေျပာတာနဲ႔တင္ ဘာဆိုင္လို႔ကားႀကီးဝယ္ေပးရတာလဲ၊ ပိုက္ဆံက အရာရာပါပဲဆိုၿပီးေတာ့ ေဝဖန္ေနခဲ့ၾကတာပါ။

credit – shwemom

  • Leave a Comment