အများနဲ့မတူတဲ့သတို့သမီးဝတ်စုံကြောင့် ဘဝရည်မှန်းချက်တွေဖြည့်ဆည်းခွင့်ရခဲ့သူလေး

Taylor Ann Linko အမည်ရှိတဲ့မိန်းကလေးက သူမ မူလတန်းအရွယ်ကတည်းက ပန်းချီဆရာတစ်ယောက်ဖြစ်ချင်ခဲ့တာပါ ။ ဒါကြောင့် သူမဟာအသီးခြင်းပုံလေးတွေရေးဆွဲပြီး သူမရဲ့မိခင်သူငယ်ချင်းတွေကို ရောင်းချခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမရဲ့ကြိုးစားမှုတွေဟာအရာမထင်ခဲ့ဘဲ နောက်ဆုံးမှာတော့ လအနည်းငယ်အကြာမှာကျင်းပမဲ့ သူမရဲ့မင်္ဂလာပွဲအတွက် သတို့သမီးဝတ်စုံကို မီးတောက်ပုံစံဖန်တီးရေးဆွဲဖို့ စီစဉ်ခဲ့ပါတယ် ။ သူမဟာ အခြားသူတွေလို ပုံမှန်အဖြူရောင်သတို့သမီးဝတ်စုံ မဝတ်ချင်တဲ့အတွက် အချိန်ပေးပြီး သူမရဲ့သတို့သမီးဝတ်စုံအဖြူ ရောင်ပေါ် လေစုတ်တံလေးနဲ့ နည်းပညာအသုံးပြု ပြီး လှပအောင်ပုံစံဆန်လေးဖန်တီးခဲ့ပါတယ် ။

မင်္ဂလာပွဲမကျင်းပမီ တစ်ပတ်အလိုမှာ သူမရဲ့သတို့သမီးဝတ်စုံကို လှပစွာဖန်တီးနိုင်ခဲ့ပါတယ် ။ သူမရဲ့သတို့သမီးဝတ်စုံဟာ အရောင်စုံလင်ပြီးလှပလွန်းတဲ့အတွက် ပွဲသို့လာရောက်တဲ့ဧည့်သည်တိုင်းက ချီးမွမ်းခဲ့ကြပါတယ် ။ တစ်ရက်မှာတော့ သူမရဲ့ Facebook နဲ့ Instagram ဟာ Follower ပေါင်းမြောက်များစွာရရှိခဲ့ပြီး ၊ UK gossip blog မှလည်း သူမရဲ့သတို့သမီးဝတ်စုံကို အကျယ်တဝင့်ဖော်ပြခဲ့ပါတယ် ။

လူပေါင်းများစွာကလည်း ၎င်းတို့ရဲ့သတို့သမီးဝတ်စုံပေါ်မှာ ဆေးရောင်စုံရေးဆွဲပေးဖို့ သူမကိုတောင်းဆိုလာကြပါတယ် ။ သူမကလည်း လက်ခံခဲ့ပြီး နောက်ဆုံး studio လေးတစ်ခုငှါးရမ်းကာ သတို့သမီးဝတ်စုံပေါ် ပန်းချီရေးဆွဲတဲ့စီးပွားရေးကို စတင်ပြုလုပ်လာခဲ့ပါတယ် ။ သူမရဲ့အိမ်မက်ဖြစ်တဲ့ အချိန်ပြည့်ပန်းချီဆရာမတစ်ယောက်ဖြစ်ခဲ့ပြီး ၊ သူမရဲ့လုပ်ငန်းအစီအစဉ်တွေက အနဲငယ်နှေးကွေးခဲ့ပေမဲ့လည်း ရည်မှန်းချက်တွေ အထမြောက်ခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

zawgyi

အမ်ားနဲ႔မတူတဲ့သတို႔သမီးဝတ္စုံေၾကာင့္ ဘဝရည္မွန္းခ်က္ေတြျဖည့္ဆည္းခြင့္ရခဲ့သူေလး

Taylor Ann Linko အမည္ရွိတဲ့မိန္းကေလးက သူမ မူလတန္းအ႐ြယ္ကတည္းက ပန္းခ်ီဆရာတစ္ေယာက္ျဖစ္ခ်င္ခဲ့တာပါ ။ ဒါေၾကာင့္ သူမဟာအသီးျခင္းပုံေလးေတြေရးဆြဲၿပီး သူမရဲ႕မိခင္သူငယ္ခ်င္းေတြကို ေရာင္းခ်ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သူမရဲ႕ႀကိဳးစားမႈေတြဟာအရာမထင္ခဲ့ဘဲ ေနာက္ဆုံးမွာေတာ့ လအနည္းငယ္အၾကာမွာက်င္းပမဲ့ သူမရဲ႕မဂၤလာပြဲအတြက္ သတို႔သမီးဝတ္စုံကို မီးေတာက္ပုံစံဖန္တီးေရးဆြဲဖို႔ စီစဥ္ခဲ့ပါတယ္ ။ သူမဟာ အျခားသူေတြလို ပုံမွန္အျဖဴေရာင္သတို႔သမီးဝတ္စုံ မဝတ္ခ်င္တဲ့အတြက္ အခ်ိန္ေပးၿပီး သူမရဲ႕သတို႔သမီးဝတ္စုံအျဖဴ ေရာင္ေပၚ ေလစုတ္တံေလးနဲ႔ နည္းပညာအသုံးျပဳ ၿပီး လွပေအာင္ပုံစံဆန္ေလးဖန္တီးခဲ့ပါတယ္ ။

မဂၤလာပြဲမက်င္းပမီ တစ္ပတ္အလိုမွာ သူမရဲ႕သတို႔သမီးဝတ္စုံကို လွပစြာဖန္တီးႏိုင္ခဲ့ပါတယ္ ။ သူမရဲ႕သတို႔သမီးဝတ္စုံဟာ အေရာင္စုံလင္ၿပီးလွပလြန္းတဲ့အတြက္ ပြဲသို႔လာေရာက္တဲ့ဧည့္သည္တိုင္းက ခ်ီးမြမ္းခဲ့ၾကပါတယ္ ။ တစ္ရက္မွာေတာ့ သူမရဲ႕ Facebook နဲ႔ Instagram ဟာ Follower ေပါင္းေျမာက္မ်ားစြာရရွိခဲ့ၿပီး ၊ UK gossip blog မွလည္း သူမရဲ႕သတို႔သမီးဝတ္စုံကို အက်ယ္တဝင့္ေဖာ္ျပခဲ့ပါတယ္ ။

လူေပါင္းမ်ားစြာကလည္း ၎တို႔ရဲ႕သတို႔သမီးဝတ္စုံေပၚမွာ ေဆးေရာင္စုံေရးဆြဲေပးဖို႔ သူမကိုေတာင္းဆိုလာၾကပါတယ္ ။ သူမကလည္း လက္ခံခဲ့ၿပီး ေနာက္ဆုံး studio ေလးတစ္ခုငွါးရမ္းကာ သတို႔သမီးဝတ္စုံေပၚ ပန္းခ်ီေရးဆြဲတဲ့စီးပြားေရးကို စတင္ျပဳလုပ္လာခဲ့ပါတယ္ ။ သူမရဲ႕အိမ္မက္ျဖစ္တဲ့ အခ်ိန္ျပည့္ပန္းခ်ီဆရာမတစ္ေယာက္ျဖစ္ခဲ့ၿပီး ၊ သူမရဲ႕လုပ္ငန္းအစီအစဥ္ေတြက အနဲငယ္ေႏွးေကြးခဲ့ေပမဲ့လည္း ရည္မွန္းခ်က္ေတြ အထေျမာက္ခဲ့ရပါတယ္ ။

Jasmine (Mckzone Daily)

  • Leave a Comment